(31.1)

4.7K 567 20
                                    

(Unicode)

ရက်အတော်ကြာ ဆက်တိုက်ရွာသွန်းခဲ့သော မိုးသက်မုန်တိုင်းက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ။ ကောင်းကင်ကြီးသည် ဖုန်မှုန့်များ ကင်းစင်ပြီး ကြည်လင်နေ၏။ နံနက်ခင်း နေရောင်သည် တောင်ပေါ် တောအုပ်ကို နွေးထွေးစေသည်။ သေချာဆေးကြောခံထားသော သစ်တောအပင်များရှိ အရွက်များနှင့် အကိုင်းအခက်များသည် အများစုမှာ ခြောက် နေပြီးဖြစ်သည်။ ရက်အတော်ကြာ သေးငယ်သောအသိုက်ထဲတွင် နေထိုင်ရသော ငှက်များသည်လည်း တက်ကြွလာပြီး တေးဆိုသံများဖြင့် စည်ကားလာသည်။

ဆူညံသောငှက်အော်သံကြောင့် ရှုကျင်ထျန်းမှာ နိုးလာလေ၏။ သူ့မျက်လုံးတွေက ကြာရှည်စွာအိပ်ထားတာကြောင့် အနည်းငယ်မှေးစင်းနေလေ၏။

သူ့မျက်စိရှေ့တွင် ပေါ်လာသည့်အရာမှာ တစ်ချိန်က သူနေထိုင်ခဲ့ဖူးသည့် လှိုဏ်ဂူဖြစ်သည်။ ဤနေရာသည် သူနောက်ဆုံးနိုးလာချိန်နှင့် အတူတူပင်ဖြစ်ပြီး ခဏတာမျှ သူ့ကို အာရုံပြောင်းစေခဲ့သည်။ ဒါပေမယ့် နောက်တစက္ကန့်မှာ သူ့အမှတ်တရတွေက ပျက်စီးပြီး အလွဲသုံးစားလုပ်ခံရတာကို ဆက်တိုက်ဆိုသလို ပြန်တွေးမိလေသည်။ ရှုကျင်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။

ဟုတ်တယ်၊ မြွေကြီး! မြွေကြီးသည် သူ့ကို လာ၍ ကယ်တင်ခဲ့၏။ ရှုကျင်ထျန်းက စိတ်လှုပ်ရှားပြီး ထထိုင်ချင်လာသည်။

ရှုကျင်ထျန်းသည် သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး သူ့ခါးကျိုးတော့မည်ဟု ခံစားလိုက်ရသည်။ တစ်ခုခုကို သတိရမိသည်နှင့်အမျှ ရှုကျင်ထျန်း၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားပြီး သူ့ခန္ဓာကိုယ်ကို အလျင်စလို စိုက်ကြည့်လိုက်သည်။

အစိမ်းရင့်ရောင်မြွေကြီးက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ အထူးသဖြင့် သူ့ခါးနဲ့ဗိုက်တစ်ဝိုက်ကို ပိုနီးကပ်စွာရစ်ပတ်ထားသည်။ မြွေကိုယ်ထည်၏ အစိတ်အပိုင်းတစ်ခုက သူ၏ခြေထောက်များကြားမှ ဖြတ်သွားကာ ခွဲခြားထား၏။ သွယ်လျပြီး ရှည်လျားသောအမြီးက သူ၏ခြေကျင်းဝတ်အနားထိ လှည့်ပတ်နေလေ၏။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now