(44.1)

3.5K 493 19
                                    

(Unicode)

ရှုဟန်ယွီသည် အချိန်အတော်ကြာအောင် ထိန်းမနိုင်သိမ်းမရဖြစ်သွားပြီး အင်အားမှာ အံ့ဩစရာပင်။ ရှုကျင်ထျန်းမှာတော့ လည်ပင်းညှစ်ခံလိုက်ရသလို အနည်းငယ် ရုန်းကန်နေရသည်။

"ဟေး! ဖြည်းဖြည်း...အာ့!"
ရှုကျင်ထျန်းက သူ့ခေါင်းကိုမော့လိုက်သည်။ သူ့စကားမဆုံးခင်မှာ ရှုဟန်ယွီ၏မျက်နှာနှင့် ချက်ချင်း နီးကပ်သွားခဲ့တယ်။ ရှုကျင်ထျန်းသည် သူ့ရှေ့တွင် အမှောင်ထုကို ခံစားလိုက်ရပြီး နောက်အခိုက်အတန့်တွင် ပြင်းထန်စွာ အနမ်းခံလိုက်ရသည်။

ရှုကျင်ထျန်း၏ နှလုံးခုန်သံသည် ပြင်းထန်စွာခုန်လှုပ်နေပြီး သူ့မျက်နှာက နီရဲနေ၏။ ရုတ်တရက်ကြီး! အပြင်မထွက်ဘူးလားဟ?

လိုက်လျောညီထွေရှိစွာဖြင့် သွယ်လျသော မြွေလျှာလေးသည် ရှုကျင်ထျန်း၏နှုတ်ခမ်းများထဲသို့ အရူးအမူးပြေးဝင်လာကာ သူ့သွားများကို ဖွင့်ထုတ်ကာ အတွင်းထဲသို့ တိုးဝင်သွားခဲ့သည်။

ရှုကျင်ထျန်း၏ဦးခေါင်းတစ်ခုလုံး ချက်ချင်းပင် ရှုပ်ထွေးသွားပြီး အသိစိတ်ပင် အနည်းငယ်လွတ်ထွက်သွားခဲ့သည်။ သူ့သွားများကို ညင်သာစွာ ဖွင့်ဟလိုက်စဥ်တွင် ရှုဟန်ယွီသည် ရုတ်တရက် သူ့ပါးစပ်ထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ရူးသွပ်စွာ မွှေနှောက်သိမ်းပိုက်နေ၏။

"အမ်း~~"
ရှုကျင်ထျန်းက ညည်းညူရင်း ခေါင်းကိုစောင်းကာ မသိစိတ်က စိုစွတ်နေသော အရည်များကို ပါးစပ်ထဲသို့ မျိုချလိုက်သည်။

ရှုဟန်ယွီ၏အနမ်းသည် ဤတစ်ကြိမ်တွင် ရူးသွပ်ဖွယ် ကောင်းလွန်းသဖြင့် ရှုကျင်ထျန်း၏ခြေထောက်များကို ပျော့ပျောင်းလာစေသည်။ ကံကောင်းထောက်မစွာဖြင့် ရှုဟန်ယွီသည် သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားဆဲဖြစ်ပြီး သူ့ခြေထောက်များကို မြေပြင်ပေါ်သို့ ခွေယိုင်မသွားစေခဲ့ပေ။

မိုးစက်လေးများ တဖွဲဖွဲကျဆင်းလာပြီး ချိုင်းဝှမ်း၏ထောင့်တိုင်းမှာ တေးဂီတသဖွယ်ဖန်ဆင်းနေပုံက သဘာဝတရားရဲ့ သဘာဝအဆန်ဆုံး မှတ်တမ်းတစ်ခုလိုပင်။ ရေငွေ့များပါဝင်နေသည့် စိုစွတ်နေသောလေထုသည် ဂူထဲသို့တိုးဝင်နေပြီး အရပ်ရှည်ရှည် စိမ်းညို့ညို့ဆံပင်ရှည်များနှင့် အမျိုးသားက သူ့လက်မောင်းထဲရှိ မိန်းမပျိုလေး၏ပါးပြင်ကို ပွတ်သပ်နေပုံက ပန်းချီကားတစ်ချပ်လို အသက်ဝင်လွန်းလှ၏။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Donde viven las historias. Descúbrelo ahora