(9)

4.6K 774 25
                                    

(Unicode)

ရှုကျင်ထျန်း နိုးလာသောအခါ သူသည်မြွေဂူသို့ပြန်ရောက်နေသည်ကို တွေ့ရှိခဲ့ရသည်။ မြွေကြီးသည် မြက်ခင်းပြင်ပေါ်သို့ ကွေးကောက်သွားပြီး ခွေနေလေတော့သည်။ ပြီးတော့ သူကအလယ်ဗဟိုမှာ တင်းတင်းကြပ်ကြပ် ခွေထား၏။ မြွေ၏ဦးခေါင်းသည် သူ၏ပခုံးပေါ် သို့ယိုင်နေပြီး သူ၏အစိမ်းရောင်မျက်ဝန်းများဟာလည်း မှေးမှိတ်နေပြီး အိပ်ပျော်နေပုံရလေသည်။

ရှုကျင်ထျန်းသည် ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး မနေ့ကချောက်ကမ်းပါးပေါ်ရှိ သစ်သီးပင်ကိုမြွေကြီးက အံ့သြဖွယ်ကောင်းလောက်အောင် ပြန်ယူလာသည်ကို သဘောပေါက်လိုက်သည်။ သစ်ပင်၏ထပ်ဖျားတွင် ကြက်ဥအရွယ် အနီရောင်အသီးများစွာရှိလေသည်။

"အဟွတ် အဟွတ်!"

ရှုကျင်ထျန်း၏အဆုတ်သည် အလွန်နာကျင်နေပြီး မနေ့က အတွင်းအင်္ဂါများဒဏ်ရာရနိုင်သည်ဟု သူ့ဘာသာတွေးလိုက်သည်။

သူသည် ခပ်တောင့်တောင့် လှုပ်ရှားလိုက်ပြီး ရှုဟန်ယွီက ချက်ချင်းဆိုသလို သူ၏မျက်ခွံကိုဖွင့်လိုက်ပြီး သူ့ကိုအေးစက်စွာကြည့်နေသည်။

“ ငါတစ်ခုခုစားဖို့ ထတာပါ မင်းအဲ့တာကို မကျေမနပ်မဖြစ်ဘူး မဟုတ်လား?!"

ရှုကျင်ထျန်းသည် သူ၏ပါးစပ်ကို ဖွင့်လိုက်သောအခါသူ၏အဆုတ်သည် အနည်းငယ်နာကျင်လာကာ စကားပြောရန်ခက်ခဲစေသည်။

ရှုဟန်ယွီသည် ထိုစကားကိုကြားရသောအခါ မိန်းမပျိုလေးအပေါ် သတိဝီရိယကိုလျော့ပါးသွားပြီး မိန်းမပျိုလေးအားလွှတ်ရန် သူ၏ခန္ဓာကိုယ်ကို ပျင်းရိစွာဖြေလျော့လိုက်သည်။ ထို့နောက်သူသည် သက်တောင့်သက်သာ အိပ်ပျော်နေသော ကိုယ်ဟန်အနေအထားကိုရှာကာ မောပန်းစွာမှိန်းနေလိုက်သည်။

ရှုကျင်ထျန်းသည် မြွေစက်ဝိုင်းမှ အလျင်အမြန်တွားသွားပြီး သူ၏ခန္ဓာကိုယ်ကိုမသိမသာပုတ်ပြီး ညည်းတွားလိုက်သည်။ သူသည်သစ်သီးသစ်ကိုင်းအနားမှာထိုင်လိုက်သည်။ လွန်ခဲ့သောနှစ်ရက်က ဘာမျှမစားခဲ့သဖြင့် သူ၏ခန္ဓာကိုယ်သည် အနည်းငယ်အားနည်းပြီးခွန်အားမရှိပေ။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now