(11)

4.5K 714 40
                                    

(Unicode)

ရှုကျင်ထျန်းက ခန္ဓာကိုယ်ကိုကျုံ့ပြီး အနည်းငယ်နောက် ဆုတ်လိုက်လေသည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ မြွေကြီး၏ဦးခေါင်းနှင့် နီးကပ်သည်အထိ ဆွဲခေါ်ခံခဲ့ရသည်။

သေးသွယ်ပြီး ရှည်လျားသော ခက်ရင်းခွသဏ္ဍာန်လျှာသည် ရှုကျင်ထျန်း၏နှုတ်ခမ်းကို တို့ထိနေလေရာ သူ့နှုတ်ခမ်းများထုံလာသည်ဟုပင် ခံစားလိုက်ရသည်။ မြွေကြီးသည် ရှုကျင်ထျန်း၏နှုတ်ခမ်းလွှာတွင်းသို့ တိုးဝင်လာသောအခါ သူသည်သတိလက်လွတ်ဖြင့် ပါးစပ်ကိုဖွင့်ပေးလိုက်ပြီး ဘာမှတွေးတောမနေဘဲ ကိုက်ချပစ်လိုက်သည်။

မြွေ၏ခန္ဓာကိုယ်သည် ရုတ်တရက် သူ့ခါးကိုတင်းကျပ်စွာရစ်ပတ်လိုက်ကာ ရှုကျင်ထျန်းမှာ အသည်းအသန် အသက်လုရှူနေရသည်။
သူ၏ရင်ဘတ်တစ်ဝိုက်ရှိ ကြီးမားသောဖိအားကြောင့် သူ၏သွားများကိုပင် စေ့မထားနိုင်ခဲ့ချေ။ သူသည်ပါးစပ်ကိုဖွင့်ရုံသာဖွင့်နိုင်ပြီး အသက်ရှူပင်မဝပါတော့ချေ။

မြွေလျှာသည်ချောမွေ့စွာဖြင့် ကျူးကျော်လာပြီး မိန်းမပျိုလေး၏ကိုယ်ခန္ဓာမှအရည်များနှင့် အတားအဆီးမရှိ ပေါင်းစပ်လိုက်သည်။ သူက မတင်းတိမ်မရောင့်ရဲနိုင်သလို မိန်းမပျိုလေး၏နှုတ်ခမ်းများကိုထိကပ်ကာ သူ၏ရှည်လျားသော ခက်ရင်းခွသဏ္ဍာန်လျှာကလည်း အတွင်းထဲ၌ လှည့်ပတ်ကစားနေသည်။

ရှုကျင်ထျန်း၏ပါးစပ်သည် မြွေလျှာနှင့်ပြည့်ကျပ်နေပြီး တစ်ချိန်တည်းမှာပင် ပျို့အန်ချင်စိတ်နှင့် ကြောက်ရွံ့စိတ်နှစ်ခုလုံးကို ခံစားလိုက်ရသည်။ သူသည် သားရဲတစ်ကောင်ကဲ့သို့ အသံဆိုးကြီးနှင့် ငိုကြွေးသံကိုထုတ်လွှတ်လိုက်ပြီး မျက်ရည်စက်ကြီးများပါ ကျဆင်းလာတော့သည်။

ရှုဟန်ယွီသည် သူ၏ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး  ရှုကျင်ထျန်းကို ခေါ်ဆောင်စဥ်တွင် အကြိမ်အနည်းငယ်လှိမ့်လိုက်သည်။ သူ၏ရှည်လျားပြီး ပျော့ပြောင်းသောခန္ဓာကိုယ်သည် မိန်းမပျိုလေး၏ ခန္ဓာကိုယ်တစ်ဝိုက်ကို တင်းကျပ်စွာရစ်ပတ်ထားလေသည်။

" အိုး~~ အမ်း~~"

မြွေ၏ခန္ဓာကိုယ်သည် အလွန်အေးပြီး သေးငယ်သောအကြေးခွံများနှင့် ချောမွေ့နေသဖြင့် ၎င်းနှင့်ထိတွေ့မိသော အရေပြားကိုလည်းအေးလာစေသည် ။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now