(49)

2.9K 474 71
                                    

(Unicode)

"ထျန်းထျန်း!"
ရှုဟန်ယွီက ထိတ်လန့်သွားပြီး ရှုကျင်ထျန်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။ ထျန်းထျန်းက ပင်ပန်းနွမ်းနယ်နေပြီး ဥတွေကိုတောင်သေချာမကြည့်နိုင်ဘဲ အိပ်ပျော်သွားခဲ့သည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်း၏အနောက်ဘက်ကို ညင်သာစွာ သန့်စင်ပေးပြီး ကုတင်ပေါ်တွင် ဂရုတစိုက်ချထားကာ စောင်ထဲတွင်ထွေးပွေ့ထားလိုက်သည်။

ရှုဟန်ယွီသည် ပင်ပန်းနွမ်းနယ်ပြီး အိပ်ပျော်နေသော မိန်းမပျိုလေးကို တိတ်တဆိတ် ကြည့်နေရင်း သူ၏ပန်းနုရောင် နှုတ်ခမ်းပါးလွှာများက တွန့်ကွေးသွားလေ၏။ ထျန်းထျန်းက အကြာကြီးအားထုတ်ပြီး မွေးခဲ့ရတာ...သူနိုးလာတဲ့အခါ ဗိုက်ဆာနေလိမ့်မယ်။ သူစားဖို့ တစ်ခုခုရှာရမယ်!

ရှုဟန်ယွီသည် မြွေဥအသိုက်လေးကို ရှုကျင်ထျန်း၏နံဘေးတွင်ထားလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ ရှုကျင်ထျန်း၏အနီရောင်နှုတ်ခမ်းလေးကို နမ်းလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကိုယ် အပြင်ထွက်မလို့...ခဏနေ ပြန်လာမှာ ထျန်းထျန်း ကိုယ့်ကို စောင့်နေနော်"

အိပ်ယာထဲမှာ ညလင်းပုလဲရဲ့ခရမ်းရောင်အလင်းက မှိန်ဖျော့နေလေ၏။ ရှုဟန်ယွီက အဲ့တာကိုမကြိုက်တာကြောင့် အပြင်ယူသွားဖို့ဆုံးဖြတ်လိုက်သည်။ ဒါပေမယ့် သူ့ဇနီးလေး နိုးလာတဲ့အခါ ဘာမှမမြင်ရလို့ ကြောက်လန့်သွားမှာကို ရုတ်တရက် စိုးရိမ်မိသွားသည်။ ရှုဟန်ယွီက ခေတ္တရပ်လိုက်ပြီး လက်သီးဆုပ်အရွယ် ညပုလဲကို သူတို့၏ ဥများအနီးတွင် ထားလိုက်သည်။

ကြီးမားသောအသိုက်ထဲတွင် အဖြူရောင်ဥများထက် များစွာသေးငယ်သော ခရမ်းရောင်အလင်းဘောလုံးလေးတစ်ခု ရုတ်ခြည်းရောက်လာ၏။ ဥဖြူဖြူလေးများကို ခရမ်းရောင်အလင်းဖြင့် ဖုံးအုပ်ထားပြီး ခရမ်းဖျော့အရောင်ကိုလည်း ထွက်ပေါ်လာစေသည်။

ရှုကျင်ထျန်းမှာ အိပ်မက်မက်နေလေသည်။ အိမ်မက်ထဲတွင် သူနှင့်ရှုဟန်ယွီတွင် ရင်သွေးငယ်များရှိနေပြီး အသိုက်တစ်ခုပင်ရှိနေသေးသည်။ ရှုဟန်ယွီသည် သေးသွယ်သော မြွေများကို အသားများကျွေးမွေးနေပြီး သူတို့ကို အတူတကွ စောင့်ရှောက်ရန် သူ့ကို တောင်းဆိုနေခဲ့သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now