(34.2)

3.6K 533 40
                                    

(Unicode)

ရှုကျင်ထျန်းသည် ဤနေရာတွင် သူ၏ အတွေ့အကြုံအချို့ကို တွေးခဲ့သည်။ သူ့အကြောင်းတွေ ပိုတွေးလေလေ စိတ်ဓာတ်ကျလေလေပင်။

ရှုကျင်ထျန်းသည် သူ၏ပျော့ညံ့မှုကို ဖုံးကွယ်ရင်း သူ့ပုခုံးများကို နှိမ့်လိုက်သည်။

"ထျန်းထျန်း"
ရှုဟန်ယွီသည် မိန်းမပျိုလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး ခေါင်းကိုပင့်မြှောက်ကာ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် စုပ်ယူလိုက်သည်။

"ဝူး~ မင်းဘာလုပ်နေတာလဲ! ငါစပျစ်နွယ်ပင်တွေ ခူးနေတုန်းလေ...လွှတ်ဦး!"
ရှုကျင်ထျန်းက ပလုံးပထွေးဖြင့်ပြောလာ၏။

ရှုဟန်ယွီကြောင့် သူကြောက်လန့်မသွားခင် စက္ကန့်အနည်းငယ်ထက်ပိုပြီး စိတ်ဓာတ်ကျနေတာကို သူမထိန်းထားနိုင်ခဲ့ပေ။ ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ ရင်ဘတ်ပေါ်သို့ လက်နှစ်ဖက်တင်ထားပေမယ့်လည်း တွန်းမထုတ်ချင်သေးပေ။

“ဒါဆို မင်းအတွက် ကိုယ် ကူညီပေးမယ်။ ထျန်းထျန်းကြိုက်တဲ့၀တ်စုံကို ကိုယ် မင်းအတွက် လုပ်ပေးမယ်။"

ရှုဟန်ယွီသည် မိန်းမပျိုလေးအား လွှတ်လိုက်ပြီး သစ်ကိုင်းတစ်ခုပေါ်သို့ လျင်မြန်စွာခုန်တက်ပြီး စပျစ်နွယ်ပင်အချို့ကို သိမ်းကျုံးဆွဲကာ ၎င်းတို့ကို ဆက်လက်ဆွဲယူရန် နေရာပြောင်းလိုက်သည်။ သိပ်မကြာခင်မှာပဲ စပျစ်နွယ်ပင်တစ်စုက သူ့လက်မောင်းမှာ ချိတ်ဆွဲထားနှင့်လေပြီ။

အိုက်ယား! မေ့လိုက်ပါတော့...အရာအားလုံးက အတိတ်မှာကျန်ခဲ့ပြီ။ ဘာ လို့တွေးနေရဦးမှာလဲ?! ဒီဘဝကိုခံယူပြီး အသစ်တစ်ဖန် စတင်ဖို့ပဲစဉ်းစားသင့်တယ်။ ဒါ့အပြင် မြွေကြီးကလည်း သိပ်မဆိုးပါဘူး။ ပြီးတော့ အစာစားနိုင်ပြီး အနွေးထည်လည်း ဝတ်နိုင်သည်။ လူသားတွေအတွက် ဒီလိုခါးသီးစရာဘဝမှာ ထိုမျှလောက် မမျှော်လင့်နိုင်ဘူးမလား?

ရှုကျင်ထျန်းက စပျစ်နွယ်ပင်တွေကိုနှုတ်ဖို့ ကြိုးကြိုးစားစား လုပ်ဆောင်နေတဲ့ ရှုဟန်ယွီကို ကြည့်ပြီး
"ဟန်ယွီ၊ အရမ်းထူတဲ့ဟာတွေကို မယူနဲ့...ဘာပဲဖြစ်ဖြစ် အဲ့တာတွေက အမှိုက်ပဲ" လို့ ပြုံးပြီး ပြောလိုက်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now