(26)

3K 508 13
                                    

(Unicode)

ရှုကျင်ထျန်းက အနည်းငယ်မငြိမ်မသက်ဖြစ်နေပြီ၏ မျက်လုံးဖွင့်ရန်ပင် ကြောက်ရွံ့နေခဲ့သည်။ ဒါ့အပြင် မြွေကြီးရဲ့ ပွေ့ဖက်မှုက တကယ့်ကိုနွေးထွေးပြီးပွေ့ဖက်ရတာလည်း အဆင်ပြေသည်။

ခဏလေး၊ နွေးတယ်? ရှုကျင်ထျန်းက ရိပ်မိသွားပြီး ရုတ်တရက်မျက်လုံးပွင့်လာသည်။

သူ့မျက်စိရှေ့မှာ ယောက်ျားတစ်ယောက်ရဲ့မျက်နှာကြီး...
သူမတုံ့ပြန်နိုင်ခင်မှာ စိုစွတ်နေတဲ့လျှာကြီးထွက်လာပြီး သူ့မျက်နှာကိုလာနမ်းတယ်။

သူ့နှာခေါင်းနှင့်ပါးစပ်တို့သည် လျှာကြောင့်စိုစွတ်ပြီး စေးကပ်လာသည်။ အနည်းငယ်အနံ့နံပြီး ထိုတံတွေးအရသာကသူ့ကိုနှိပ်စက်နေသည်။ ရှုကျင်ထျန်းသည် အသက်ရှုကြပ်ပြီး ထိုမျက်နှာကိုပိတ်ရိုက်လိုက်သည်။

ထိုယေကျ်ား၏ဦးခေါင်းကို ကြေးနီသံနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ရှုကျင်ထျန်းက သူ့ကိုပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ရာ သူ့လက်ဖဝါးပဲ ထုံကျင်ကိုက်ခဲသွားတာကြောင့် ထိတ်လန့်သွားရသည်။

ရှုကျင်ထျန်းက ပါးရိုက်သော်လည်း ထိုယောကျ်ားပျိုက ဒေါသမထွက်ပေ။ သူကရှုကျင်ထျန်းရဲ့မျက်နှာဆီသို့ လက်လှမ်းလာသည်။

"မင်းရူးနေတာလား! ဒီလောင်ဇီကိုလွှတ်ပေး!"

ရှုကျင်ထျန်း လန့်သွားသည်။ လူတစ်ဦးကိုတွေ့လိုက်ရတာကြောင့် သူစိတ်မလှုပ်ရှားရသေးခင်မှာပဲ ရေခဲပုံးတစ်ပုံးထဲသို့ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ မျက်နှာပေါ်ရှိ အစိုဓာတ်နှင့်ရနံ့များက သူ့ကိုရွံရှာစေသည်။ ရှုကျင်ထျန်းသည် ဤလူကိုပါးရိုက်ရန် ခွန်အားရှိသမျှ အသုံးပြုခဲ့ရပြီး ယခုအခါတွင် သူသည် မည်သည့်ခွန်အားမျှမရှိတော့ပေ။ သူ့မျက်နှာပေါ်က တံတွေးတွေကိုသုတ်ဖို့တောင် ခက်ခက်ခဲခဲလုပ်ကိုင်နေရသည်။

“ %&(*(%%#! ”

ထိုလူကပါးစပ်ကိုဖွင့်ကာ နားမလည်နိုင်သော စကားတစ်ခွန်းကို ပြောလာသည်။ သူကအလွန်စိတ်လှုပ်ရှားနေဟန်ရှိပြီး သူ့(ကျင်ထျန်း)ခေါင်းကိုပွတ်ကာ မျက်နှာကိုလည်းညှစ်ထားသေးသည်။ ရှုကျင်ထျန်းမှာ ဒေါသထွက်လွန်းလို့ သူ့ခေါင်းက မီးခိုးတွေထုတ်နေတယ်လို့ ထင်လိုက်မိလေသည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now