(15.1)

3.9K 626 51
                                    

(Unicode)

ရှုဟန်ယွီသည် လူသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး ရှုကျင်ထျန်းအနားကို အရိုးမရှိသလိုထိုင်လိုက်သည်။ သူ၏ကြီးမားသွယ်လျသောလက်က မိန်းမပျိုလေး၏နောက်ကျောရှိ ဒဏ်ရာများကိုသညင်ညင်သာသာထိလိုက်သည်။ သူ၏ချောမွေ့ပြီးလက်ရာမြောက်သောလက်ချောင်းများက ရှုကျင်ထျန်း၏ကျောကိုပွတ်သပ်နေတာကြောင့် ရှုကျင်ထျန်းအား အနည်းငယ်ကြောင်အသွားစေသည်။

"နာလား?"
ရှုဟန်ယွီသည် မိန်းမပျိုလေးအတွက် ဤဒဏ်ရာကို ကိုယ်စားမခံစားပေးနိုင်သောကြောင့် ကိုယ့်ကိုကိုယ်မုန်းတီးမိသည်။

ရှုဟန်ယွီ၏လက်ရှိစိတ်ပူနေသောလေသံနှင့်အတူလိုက်ပါလာသော နူးညံ့သိမ်မွေ့သောအသံသည် အလွန်စိတ်လှုပ်ရှားစရာကောင်းပြီး ၎င်းသည် ချစ်သူများကြားတီးတိုးဆိုသော စကားကဲ့သို့ဖြစ်သည်။

ရှုကျင်ထျန်းမှာ အံ့သြသွားလေ၏။ ရှုကျင်ထျန်းသည် သူ့အားဤကဲ့သို့ ချစ်ဖို့ကောင်းအောင်တစ်ခါမှမလုပ်ဖူးပေ။ မမျှော်လင့်ဘဲ ဤသေးငယ်သောဒဏ်ရာများရလိုက်ခြင်းကြောင့် သူ့အားနာကျင်စွာချော့မော့နေသည်ဟုခံစားလိုက်ရသည်။

“ နာတယ်”
ရှုကျင်ထျန်းက နှုတ်ခမ်းစူပြီးပြောလိုက်သည်။ သူကအဲ့ဒီလိုပြောပြီးနောက် ခဏရပ်လိုက်ပြီး နာကျင်မှုမဲ့တဲ့လက်နဲ့ သူ့ရင်ဘတ်ပေါ်ဖိထားလိုက်ပြီး
"ငါ့နှလုံးသားနာကျင်နေတယ်!"

ရှုဟန်ယွီသည် စိုးရိမ်စိတ်နှင့် မိန်းမပျိုလေး၏ခန္ဓာကိုယ်ကို အကြိမ်ကြိမ်စစ်ဆေးလိုက်သည်။ အဲဒီနေရာမှာလည်း မိန်းမပျိုလေးက ဒဏ်ရာရသွားတာလား? သူတကယ်ကိုသတိလက်လွတ်ဖြစ်ပြီး အဲ့ဒါကိုတောင်သတိမထားမိခဲ့ဘူး။

ရှုကျင်ထျန်းက သူ့ကိုမသိမသာရှောင်ရှားခဲ့ပေမယ့် သူအရမ်းကြီးမရှောင်ရဲဘူး။ ဒါကြောင့်သူ့ခန္ဓာကိုယ်က အနည်းငယ်လှုပ်ရှားသွားသည်။

"ဟေး ဟေး ဟေး! မင်း ဘာကိုလာထိနေတာလဲ။ ငါ့နှလုံးသားက ငါ့အ၀တ်တွေကြောင့်နာကျင်တာ...အရင်ကတည်းက ငါ့မှာအဝတ်အစားအများကြီးမရှိဘူး။ အခုငါ့မှာအ၀တ်တစ်ထည် လျော့သွားပြီ”

မြွေသားရဲ၏ဇနီးသည် 【MM Translation】Tahanan ng mga kuwento. Tumuklas ngayon