(28)

3.6K 593 41
                                    

(Unicode)

ရှုကျင်ထျန်းမှာ ညှဉ်းပန်းနှိပ်စက်ခံရလွန်းလို့ ပင်ပန်းနွမ်းနယ်နေပြီ။ နွေးထွေးတဲ့နေရာမှာ လဲလျောင်းရင်း မကြာခင်မှာပဲ သူအိပ်ပျော်သွားတော့သည်။

မိုးကနည်းနည်းလျော့သွားတော့ ဂူထဲကိုလေက တစိမ့်စိမ့်တိုက်နေ၏။ ဂူတံစက်မြိတ်ပေါ်ရှိ ရေများသည် အစက်အပြောက်ကြီးများအဖြစ် ကျဆင်းလာကာ 'တစက်စက်' အသံများ ထွက်ပေါ်နေသည်။

ဆူညံသံများကလည်း တဖြည်းဖြည်း ငြိမ်သက်သွားတာ ကြောင့် အိပ်ဖို့အလွန်သင့်တော်သည်။

ရှုကျင်ထျန်းသည် အလွန်စိတ်ရှုပ်ထွေးပြီး အိပ်ငိုက်နေသော်လည်း အတွေးများကတော့ ကြည်လင်ပြတ်သားနေသည်။ သူ့မျက်ခွံတွေမှေးစင်းလာပုံက အရမ်းပင်ပန်းနေပုံရပြီး သူ့မျက်လုံးတွေကို အပြည့်အ၀မဖွင့်နိုင်ဖြစ်နေစေသည်။ မှိတ်ထားသောမျက်ဝန်းများမှတစ်ဆင့် ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏မျက်နှာကို မြင်လိုက်ရတာကြောင့် ဝမ်းသာသွားခဲ့သည်။

"မြွေကြီး!"

သူအရမ်းပင်ပန်းနေပြီ။ ရှုကျင်ထျန်း၏ မျက်လုံးများသည် တစ်စက္ကန့်မျှပင်မပွင့်တော့ဘဲ ပြန်မှိတ်ကျလာသည်။ ရှုကျင်ထျန်းသည် အားစိုက်ထုတ်ရင်း မျက်လုံးကိုပြန်ဖွင့်လိုက်ရာ သူ့အကြည့်တွေက အနည်းငယ်မှုန်ဝါးနေပြီး ရှုဟန်ယွီ၏မျက်နှာကိုပင် ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။

"ထျန်းထျန်း ဘာစားချင်တာလဲ။ ကိုယ် မင်းအတွက် ဖမ်းပေးမယ်"
ရှုဟန်ယွီက သူ့ကိုပွေ့ဖက်ထားပြီး သူ့မျက်နှာကလည်း နူးညံ့စွာပြုံးနေသည်။

"မြွေကြီး၊ ငါမစားချင်ဘူး၊ ငါတကယ်ဗိုက်ပြည့်နေပြီ"

ရှုကျင်ထျန်းက မျက်ခုံးပင့်လိုက်သည်။ သူ့ဗိုက်ကအနည်းငယ် နာကျင်နေသဖြင့် သူ့ခန္ဓာကိုယ်က အနည်းငယ်တွန့်သွားကာ ရှုဟန်ယွီ၏ရင်ခွင်ထဲတွင် ခိုအောင်းနေလိုက်သည်။

မြွေကြီးရဲ့ပွေ့ဖက်မှုက တကယ့်ကိုနွေးတာပဲ။ သူက သွေးအေးသတ္တဝါမဟုတ်ဘူးလား?  မြွေတွေကလည်း နွေးထွေးနိုင်တယ်လား? ကောင်းလိုက်တာ...

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now