(29)

4.5K 666 45
                                    

(Unicode)

ရှုဟန်ယွီက ရှုကျင်ထျန်းပြောတာကို မကြားသလိုမျိုး ဘာမှမတုံ့ပြန်ပေ။

ရှုကျင်ထျန်း၏နှလုံးသားက ချဥ်စုတ်လာသည်။
"မြွေကြီး?"

ရှုဟန်ယွီကတော့ အရှိန်အဟုန်ဖြင့် ရှေ့သို့ဆက်ပြေးနေဆဲ။

ရှုကျင်ထျန်းက ခေါင်းငုံ့ပြီး တိုးတိုးလေးပြောလိုက်သည်။
"မြွေကြီး၊ တကယ်တော့လေ... ငါ့အဝတ်တွေက ဂူထဲမှာ ရှိနေတုန်းပဲ"

ရှုဟန်ယွီက ခေတ္တရပ်လိုက်ပြီး ရှုကျင်ထျန်းကိုကြည့်ရန် ခေါင်းပြန်လှည့်လိုက်ရာ အဝတ်မပါသောခန္ဓာကိုယ်ကို မြင်လိုက်ရ၏။ သူ့တစ်ကိုယ်လုံး ပေါ်လွင်နေပြီး သူ့အရေပြားမှာ စိုစွတ်နေကာ အပြာရောင်နဲ့ ခရမ်းရောင် အကွက်တွေရှိနေ၏။ သူဘယ်လောက်တောင် နစ်နာခဲ့ရလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ? မိန်းမပျိုလေးရဲ့လည်ပင်းမှာ နွယ်ပင်တစ်ပင်ကပ်ပါနေတာကို သတိထားမိတော့ ရှုဟန်ယွီက ပိုလို့တောင် ဒေါသဖြစ်သွားလေ၏။

"ငါ့မှာ အဲ့ဒီအဝတ်အစားတွေပဲ ရှိတာ"

ရှုကျင်ထျန်းက စကားပြောရင်း မြွေကြီး၏အမြီးကို ပွေ့ဖက်လိုက်သည်။ မြွေကြီးသည် အဝတ်အစားဝတ်ရမည်ဟူသော အသိမရှိသဖြင့် သဘောတူပါ့မလားမသိပေ။

ရှုဟန်ယွီက ချက်ချင်းပင် နောက်ပြန်လှည့်လိုက်သည်။ ရှုကျင်ထျန်းမှာလည်း သက်ပြင်းတစ်ချက်ချမိလေ၏။ မြွေကြီးက သူ့အပေါ် အလွန်ကောင်းနေသေးသည်။ အနည်းဆုံးတော့ သူတို့တွေမှာ မတူညီတဲ့ပြဿနာတွေရှိတယ်ဆိုတာ သူ(ဟန်ယွီ)ကနားလည်နိုင်သေးသည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်းကို ကျောပေါ်တင်ကာ ဂူထဲသို့ပြန်ရောက်လာခဲ့သည်။ သူ့မသိစိတ်က ခွန်အားကိုဖြေလျှော့ပြီး မိန်းမပျိုလေးကို လွှတ်ပေးလိုက်သည်။

ဂူအတွင်း၌ ထူထပ်သော မြက်ခြောက်များ ဖုံးလွှမ်းနေပြီး သားရဲနှင့်ထျန်းထျန်း၏ ရနံ့များဖြင့် ပြည့်နှက်နေသည်။ ဂူထိပ်မျက်နှာကျက်ပေါ်တွင် တွဲလောင်းကျနေသော စပျစ်နွယ်ပင်တစ်ခုရှိပြီး ထျန်းထျန်းကို ချည်နှောင်ဖို့ အသုံးပြုသည်ဟု ယူဆနိုင်သည်။ ထျန်းထျန်းက ဒီနေရာရဲ့အဝေးကို ပြေးခဲ့လို့လား? ရှုဟန်ယွီ၏ စိတ်အခြေအနေက အနည်းငယ် တိုးတက်လာသည်။ ဒါပေမယ့် ဒီနည်းလမ်းက တော်တော်ကောင်းပုံရပြီး သူအပြင်သွားတဲ့အခါ စိတ်ပူစရာလည်းမလိုတော့ဘူး။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now