(40)

3.7K 546 24
                                    

(Unicode)

ယနေ့မှာ နေရောင်တောက်လောင်နေသော နေ့တစ်နေ့ဖြစ်ပြီး ပြင်းထန်သော အပူရှိန်ကြောင့် လူအများအတွက် အသက်မရှူနိုင်ဘဲ ဖြစ်စေသည်။ တောအုပ်ထဲက ငှက်တွေနဲ့အင်းဆက်ပိုးကောင်တွေရဲ့ ဆူညံအော်ဟစ်သံတွေကလည်း လူတွေပြောမပြနိုင်လောက်အောင် စိတ်အနှောင့်အယှက် ဖြစ်စေ၏။

ရှုကျင်ထျန်းမှာ သူ့ကိုယ်သူ အေးမြစေရန် ရေထဲသို့ သွားချင်နေသည်မှာ ထိန်းမရတော့ပေ။ သမုဒ္ဒရာရေထဲက ပင်လယ်ရေမှော်တွေဆီလည်း သွားချင်လွန်းလို့ တစ်ပိုင်းသေနေပြီ။ ထို့ကြောင့် သူက ဟန်ယွီကို ပင်လယ်ဆီသွားချင်တယ်လို့ ပြောလိုက်သည်။

ရှုဟန်ယွီကလည်း သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိပေ။ သူ့ဇနီးလေး ဘာပဲစားချင်ချင်၊ ဘာပဲလုပ်ချင်ချင် ခွင့်ပြုပေးလိုက်သည်။ သူဟာ သူ့အသက်ကို စွန့်ရရင်တောင် ဘာမှမပြောဘဲ မိန်းမပျိုလေး အရမ်းကြိုက်တဲ့ ရေပြာပင်လယ်ကို သွားလည်ဖို့ အမြဲအစွမ်းကုန် ကြိုးစားပေးမှာပင်။

အပူဒဏ်ကို မခံနိုင်ဆုံးအချိန်သည် နေ့လည်ခင်းဖြစ်ပြီး ရှုဟန်ယွီသည် ရှုကျင်ထျန်းကို ကျောပေါ်တင်ပြီး သူ၏ဝိညာဉ်သားရဲမြွေပုံစံကို အသုံးပြုကာ အပြာရောင်ရေပြင်သို့ ရောက်ရှိခဲ့လာသည်။

သူ့အရင်အတွေ့အကြုံအရ ရှုကျင်ထျန်းသည် ပင်လယ်ကြမ်းပြင်သို့သွားနေချိန်တွင် လှည့်မကြည့်ဘဲ မျက်လုံးမှိတ်ထားကာ ရှုဟန်ယွီ၏လည်ပင်းကို သက်တောင့်သက်သာဖြင့် ဖက်ထားလိုက်သည်။ ရံဖန်ရံခါတွင် သူသည် ရှုဟန်ယွီ၏ လည်ပင်းကိုတို့ထိကာ လေလိုအပ်ကြောင်း သတိပေးသေးသည်။

ရှုဟန်ယွီသည် အစပြုခြင်းမရှိခဲ့ဘဲ မိန်းမပျိုလေးက သူ့ကိုယ်သူ အပ်နှင်းလာရန် စောင့်ဆိုင်းခဲ့ပြီးမှ မိန်းမပျိုလေးနှင့်ပူးပေါင်းကာ သူ့ကိုကျီစယ်ရန် အခွင့်အရေးယူခဲ့သည်။ ရှုကျင်ထျန်းက အဲ့ဒါကို ကောင်းကောင်းသိပေမယ့် သူကလည်း အားကိုးရာမဲ့နေပြီး အသက်ရှုကြပ်တာမို့ သူ့ကိုယ်သူ တတ်နိုင်သမျှကြာအောင်သာ ထိန်းထားရုံသာရှိတော့သည်။

သူသည် ရှုဟန်ယွီ၏လူသားပုံစံမှ အနမ်းကို လုံးလုံးလက်ခံနိုင်သော်လည်း သူ၏မြွေပုံစံကိုမူ......တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။ အလွန်ကြီးမားသော မြွေခေါင်းက သူ့ဆီချဉ်းကပ်လပြီး မြွေကြီး၏ပါးစပ်ကို ဖွင့်လိုက်တိုင်း သူ့ပါးစပ်အတွင်းပိုင်းနှင့် ချွန်နေသောအစွယ်များကိုပင် မြင်နိုင်သည်။ ထိုအရာတွေအပေါ် သူ၏ကြောက်လန့်မှုကိုတောင် မရှင်းပြနိုင်ခဲ့ဘူး။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ မြွေပါးစပ်ကိုနမ်းဖို့ အစပျိုးလုပ်ဆောင်နေရဆဲ...

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now