(44.2)

3.8K 540 23
                                    

(Unicode)

ရှုကျင်ထျန်း၏ သတိမဲ့နေသောအခိုက်အတန့်ကြောင့် သူ့အင်္ကျီကို ဆွဲချွတ်ခံလိုက်ရပြီး အဝတ်ဖြင့်ဖုံးကွယ်မထားရင် အလှအပကိုထိခိုက်စေတဲ့ ဗိုက်သားအချို့ကို ပေါ်လွင်စေလေ၏။ ရှုကျင်ထျန်းမှာ တုန်လှုပ်သွားပြီး အနည်းငယ်ရှက်သွားသည်။

ဒါကို ဖော်ထုတ်ခံရတော့မယ်။ မြွေကြီးက သူ့ကို စက်ဆုပ်မှာ မဟုတ်ဘူး ဟုတ်တယ်မလား? ရှုကျင်ထျန်းသည် သူ၏ဝမ်းဗိုက်ကို ဂရုတစိုက်ကျုံ့ထားလိုက်ပြီး ရှုဟန်ယွီကို မော့ကြည့်လိုက်သည်။ 

သူ နေ့တိုင်း သက်သတ်လွတ်စားနေတာ အသိသာကြီးကို ဒီဗိုက်က လျှော့သွားမဲ့အစား ဘာလို့ပိုကြီးလာတာလဲ? ရှုကျင်ထျန်း  သေချင် စိတ် ပေါက်သွားပြီး သူ့ပုံစံကလည်း ပြိုလဲလုနီးပါးပင်။ မူလက ကိုယ်အလေးချိန်လျှော့ချရန် လေ့ကျင့်ခန်းလုပ်ဖို့ စီစဉ်ထားခဲ့သော်လည်း ရှုဟန်ယွီက ရုတ်တရက် နှီးနှောဆက်ဆံဖို့ စိတ်ပါလာမည်ဟု ထင်မထားခဲ့ချေ။ သိသိသာသာကို ဒီမီးက သူ့ကြောင့် လောင်ကျွမ်းလာခြင်းဖြစ်သည်။

ရှုကျင်ထျန်း မလှုပ်ရှားဘဲနေရင် အဆင်ပြေဦးမည်။ ဤလှုပ်ရှားမှုကြောင့် ရှုဟန်ယွီသည် သူ့အောက်ရှိလူ၏ မူမမှန်မှုကို သတိပြုမိစေခဲ့သည်။ သူနှင့် တင်းတင်းကြပ်ကြပ် ပူးကပ်နေသော ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားပြီး သူ့ဆီကနေ အနည်းငယ် ခွာထွက်သွားသည်။

ရှုဟန်ယွီက ရှုကျင်ထျန်းကို ခေါင်းလှည့်ကြည့်လိုက်တော့ သူ့(ကျင်ထျန်း)၏မျက်လုံးတွေက ပြူးကျယ်နေသည်ကို မြင်လိုက်ရပြီး ထိုမျက်ဝန်းညိုတွေက သူ့(ဟန်ယွီ)ကို တည့်တည့်ကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်နေ၏...?

"ထျန်းထျန်း မင်း ဘာဖြစ်တာလဲ...ဗိုက်က အဆင်မပြေဘူးလား"
ရှုဟန်ယွီက သူ၏အပေါ်ပိုင်းကို မြှောက်ထားပြီး ရှုကျင်ထျန်း၏ ခြေထောက်များကြားတွင် ဒူးထောက်ထိုင်ကာ ပြောလိုက်သည်။

ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ဗိုက်ကို စိုးရိမ်တကြီးကြည့်နေရာမှ မိန်းမပျိုလေး၏ဝမ်းဗိုက်သည် အမြဲတမ်းပြားနေသော်လည်း ယခုမူ အနည်းငယ် မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။ ရက်အတော်ကြာအောင် ကောင်းကောင်းမစားနိုင်တာကြောင့် မိန်းမပျိုလေးက သိသိသာသာ ကိုယ်အလေးချိန် ပြန်ကျလာခဲ့သည်။ ၎င်းကပင် မူလက အနည်းငယ်သာကြီးနေသည့် ဝမ်းဗိုက်အား ပိုမိုထင်ရှားလာစေသည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now