(7)

5.4K 921 122
                                    

(Unicode)

(TN: babyလေးတွေပါရင် တစ်ချို့စာကြောင်းလေးတွေကို ကျော်ဖတ်ကြပါနော်😍)

ရှုကျင်ထျန်းနိုးလာတဲ့အခါ သူကရှုဟန်ယွီရဲ့ ပွေ့ဖက်ခြင်းကို ခံထားရတာကိုသိလိုက်သည်။ သူသည်ထိုပုံစံအတိုင်း အချိန်အတော်ကြာနေခဲ့ရပြီး သူ၏ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် နာကျင်နေခဲ့သည်။ သူ့လည်ပင်းကလည်း တောင့်တင်းနေပုံရသည်။

ရှုကျင်ထျန်းသည် ထိုလူသား၏ပွေ့ဖက်မှုထဲတွင် ရှိနေပြီး လည်ပင်းကို ဂရုတစိုက်လှုပ်လိုက်သည်။ ဘယ်လိုတောင် ညောင်းညာနေလိုက်သလဲ...

ရှုဟန်ယွီရဲ့ ရင်ဘတ်မှာ မွေးညှင်းနုလေးတွေရှိသည်။ သူသည် အငြိမ်မနေနိုင်ဘဲ ထိုနေရာကို ခေါက်တုံ့ခေါက်ပြန် ခပ်ဖွဖွ ကုတ်ခြစ်လိုက်မိသည်။

မျက်လုံးဖွင့်ကြည့်တော့ သူ့ရဲ့မိန်းမပျိုလေးက ရင်ခွင်ထဲတွင် နာခံစွာဖြင့် လည်ပင်းကိုသနားစရာ လှုပ်နေတာကို သူတွေ့လိုက်ရသည်။ သူတော်တော် အဆင်မပြေပုံရသည်။

ရှုကျင်းထျန်သည် ရှုဟန်ယွီနိုးလာသည်ကို မြင်သောအခါ အလွန်ဝမ်းနည်းလာသည်။ သူစောစောသိခဲ့ရင် သူညောင်းညာနေရင်တောင် လှုပ်ရဲမှာမဟုတ်ဘူး။

အေးမြသောလက်က သူ့လည်ပင်းကိုပွတ်သပ်ပြီး အတင်းဆုပ်နယ်လိုက်သည်။

"အား!!" ရှုကျင်ထျန်းသည် သေလုမျောပါးဝက် ကဲ့သို့ အော်ဟစ်လိုက်သည် ။

"အရမ်းနာတာပဲ! မင်းငါ့ကို သတ်ဖို့ကြိုးစားနေတာလား? "

ညောင်းညာတောင့်တင်းနေတဲ့ လည်ပင်းတောင် ဒီလောက်မနာကျင်ဘူး။ အခု သူ့လည်ပင်းက တဆတ်ဆတ်တုန်ခါသွားသလို ခံစားရလိုက်သည်။

မိန်းမပျိုလေး၏ အော်သံကိုကြားရသောအခါ ရှုဟန်ယွီသည် သူ၏လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်လိုက်သည်။ သူကရှုကျင်ထျန်း၏ ပုံမှန်အသားအရောင်ရှိနေပေမယ့် ရှုံ့မဲ့နေတဲ့မျက်နှာလေးကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ မိန်းမတွေက တကယ်ကို ပျော့ညံ့တဲ့သတ္တဝါတွေပဲ! ထို့နောက်သူ့ဒူးပေါ်တွင်ရှိသည့် မိန်းမပျိုလေးကို ကြည့်လိုက်သည်။ ထိုနေရာတွင် ကြီးမားသည့် အနီရောင်အကွက်ကြီး ဖြစ်ပေါ်နေပေသည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now