(48)

2.3K 373 7
                                    

(Unicode)

ရှုကျင်ထျန်းသည် ဝမ်းဗိုက်မသက်မသာဖြစ်မှုကြောင့် ခန္ဓာကိုယ် ကျုံ့သွားသည့်အထိ နာကျင်နေသော်လည်း မနိုးသေးပေ။ အိမ်မက်ထဲတွင် သူသည်ဗိုက်နာလွန်းသဖြင့် နေရာတိုင်းမှာ အိမ်သာလိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ပေ။

"ထျန်းထျန်း နိုးလာပြီလား!"
ရှုဟန်ယွီသည် ရှုကျင်ထျန်းကို စိုးရိမ်စွာပွေ့ဖက်ပြီး မျက်နှာကို ဖွဖွပုတ်လိုက်သည်။ မိန်းမပျိုလေးသည် အိပ်နေရင်း ဗိုက်ကိုဖိကိုင်နေတာကြောင့် ထျန်းထျန်း ဥ,ဥတော့မည်ကို ရှုဟန်ယွီသိလိုက်သည်။

"အမ်း~!"
ရှုကျင်ထျန်း၏မျက်နှာသည် ရှုံ့တွနေပြီး မျက်လုံးဖွင့်လိုက်သော်လည်း အလင်းရောင်မရှိသဖြင့် ရှုဟန်ယွီ၏မှုန်ဝါးသောမျက်နှာကို ခဏတာမျှမမြင်နိုင်ခဲ့ပေ။

ရှုဟန်ယွီသည် အပြင်ဘက်မှ ညလင်းပုလဲကို ယူဆောင်လာသဖြင့် အိပ်ယာပေါ်တွင် အလင်းရောင်အနည်းငယ်ရလာသည်။

"အမ်း ~ ဗိုက်နာတယ် ဟန်ယွီ...မြန်မြန် ငါ့ကို ကယ်ပါဦး!"
ရှုကျင်ထျန်းသည် သူ့ဗိုက်က အရမ်းနာလို့ ရှုံ့မဲ့နေပြီး အသက်ရှုမဝတော့ပေ။ 

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏လည်ပင်းကို လက်တစ်ဖက်ဖြင့်ချိတ်ကာ ရှုဟန်ယွီ၏ခြေထောက်ပေါ်တွင် ခက်ခက်ခဲခဲ ထိုင်နေလိုက်သည်။

"ထျန်းထျန်း မလှုပ်နဲ့"
ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ခါးကိုဆွဲကိုင်လိုက်ပြီး လက်တစ်ဖက်က စောင်ခြုံထဲသို့ရောက်ရှိသွားသည်။ သူ၏အေးစက်နေသောလက်သည် ရှုကျင်ထျန်း၏ ခန္ဓာကိုယ်အောက်ပိုင်းကို ထိလိုက်သည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီ၏ အေးစက်သောလက်များကြောင့် တုန်လှုပ်သွားသည်။ ထို့နောက် သူ၏လက်က သူ့အနောက်ဘက်ကို ထိလာသည်။ ရှုကျင်ထျန်းသည် သ၏ဂန္ဓမာပန်းလေးကို တင်းကြပ်လိုက်သော်လည်း ထိုအရာကပင် ဝမ်းဗိုက်နာကျင်မှုကို ပိုမိုပြင်းထန်စေခဲ့သည်။

"အမ်း~မြန်မြန်...ထွက်တော့မယ်"
ရှုကျင်ထျန်းက အလျင်စလိုတိုက်တွန်းလိုက်သည်။ သူ၏ရှင်းသန့်နေသော နဖူးပြင်မှလည်း အေးစက်သောချွေးစက်များ ထွက်ပေါ်လာသည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now