(23)

3.3K 519 22
                                    

(Unicode)

ရှုဟန်ယွီသည်အပေါ်မှခုန်ဆင်းပြီး ရှုကျင်ထျန်းကိုပွေ့ကာ မြက်ခင်းပြင်ပေါ်ပစ်ချလိုက်သည်။ သူကနောက်ကလိုက်သွားပြီး ဘေးမှာဝင်ထိုင်နေလိုက်သည်။

ရှုကျင်ထျန်းကလှဲချလိုက်ပြီး ညည်းတွားလိုက်ရင်း သက်ပြင်းချလိုက်၏။ သူက မျက်မှောင်ကြုတ်ကာ ဒဏ်ရာရသည့်နေရာကိုလည်း နှိပ်နယ်လိုက်သည်။ သူက ရှုဟန်ယွီကိုသေသေချာချာကြည့်လိုက်တော့ အေးစက်တဲ့အကြည့်ကိုသာ ပြန်ရခဲ့လေ၏။

သူတို့ဂူသို့ပြန်ရောက်လာသောအခါမှသာ ရှုဟန်ယွီ၏စိတ်မသက်မသာမှုက အနည်းငယ်တည်ငြိမ်သွားသည်။ သူပြန်လာချိန်မှာ မိန်းမပျိုလေးပျောက်သွားတာကို သိလိုက်ရတဲ့အခါ သူဘယ်လောက်ကြောက်ရွံ့သွားတယ်ဆိုတာကို နတ်ဘုရားတွေကပဲသိနိုင်လိမ့်မယ်။

မိန်းမပျိုလေးကိုတွေ့တဲ့အခါမှာလည်း သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းတွေ လွတ်ထွက်လုနီးပါးဖြစ်သွားခဲ့သည်။ သူ့(ကျင်ထျန်း)ကိုအပိုင်းပိုင်းကိုက်ပြီး သူ့ဗိုက်ထဲကိုမျိုချချင်ခဲ့တယ်။ အဲ့လိုသာဆို မိန်းမပျိုလေးကသူနဲ့ အမြဲမခွဲရတော့ဘူး။

ကံကောင်းထောက်မစွာနဲ့ သူသည် မိမိကိုယ်ကိုချုပ်တည်းနိုင်ခဲ့ပြီး မိန်းမပျိုလေး၏ရှင်းပြချက်ကိုကြားပြီးနောက် နားလည်မှုလွဲခဲ့တာကိုသိသွားခဲ့သည်။

ယခုအချိန်တွင် မိန်းမပျိုလေးက သူ့နံဘေး၌ရှိနေသေးသည်။ သူ့ကိုထိတွေ့နိုင်သေးသည်။ အရာအားလုံးက အရင်အတိုင်းပဲ။ ဘယ်လောက်ကောင်းလိုက်သလဲ!

သို့သော်လည်း မလိုက်နာဘဲပတ်ပြေးနေသော မိန်းမပျိုလေးက သူ့ကိုအလွန်ဒေါသထွက်စေခဲ့ပြီး အကြိမ်အနည်းငယ်ရိုက်ရန်လည်း မဖြစ်နိုင်ပေ။

ရှုဟန်ယွီသည် မိန်းမပျိုလေး၏ တင်းမာသောတင်ပါးနှစ်ခုကို ကြည့်လိုက်သည်။ ၎င်းတွင်သိသာထင်ရှားတောက်ပသော အနီရောင်လက်ဖဝါးရာအချို့ရှိခဲ့သည်။

သူ၏ခွန်အားကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးတာကြောင့် မိန်းမပျိုလေး၏တင်ပါးက နီရဲဖောင်းကားလာခဲ့သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now