(14)

3.9K 633 35
                                    

(Unicode)

သတ္တိရှိလွန်းသော မီးတောက်ငှက်ကို ရှုကျင်ထျန်းကရိုက်လိုက်ရုံသာဖြစ်ပြီး နောက်တစ်စက္ကန့်တွင် သူ၏လက်ကိုလွှတ်ချလိုက်သည်။ ထိခိုက်ဒဏ်ရာမရသော်လည်း ရှုကျင်ထျန်းက သူတို့အားဒေါသထွက်စေတာကြောင့် ရှုကျင်ထျန်းဆီသို့ ပြင်းပြင်းထန်ထန် ချီတက်လာခဲ့သည်။

ရှုကျင်ထျန်း၏ အသက်ရှူသံမှာ ပြင်းထန်နေပြီး ကြောက်စရာကောင်းသော အခြေအနေတွင် သစ်ပင်၏ပင်စည်ကိုလျှောချလိုက်ပြီး ငှက်သားရဲ၏တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

ရှုကျင်ထျန်းလျှောချလိုက်တဲ့အခါ ကြီးမားတဲ့ငှက်သိုက်ကို သူ့မျက်လုံးထောင့်ကနေ တွေ့လိုက်ရသည်။

ရှုကျင်ထျန်း၏မျက်လုံးများမှာ တောက်ပလာသည်။ ငှက်ဥများသည် သူတို့၏အားနည်းချက်များဖြစ်သည်။ သူကိုယ်သူကယ်တင်ရန် အဲဒါတွေကိုအသုံးချရမယ်!

ဒါပေမယ့်သူလုပ်ခဲ့တဲ့ အောက်သို့လျှောချလိုက်ခြင်းက သူ့ကိုအသိုက်နဲ့ပိုဝေးသွားစေခဲ့သည်။ အခုသူကငှက်ဥတွေကိုယူချင်ရင် သူပြန်တက်ဖို့လိုလိမ့်မည်။

ငှက်နှစ်ကောင်စလုံးသည် ရှုကျင်ထျန်းဆီသို့ တစ်ပြိုင်နက်ပြေးလာကြသည်။ ဒီတစ်ခါတော့ ရှုကျင်ထျန်းကပိုပြီးတည်ငြိမ်သွားလေ၏။ ကြီးမားတဲ့ငှက်တွေက သူ့ဆီကိုရောက်တဲ့အခါ သူကဘေးစောင်းရှောင်လိုက်ပြီး ငှက်ရဲ့ခြေတစ်ဖက်ကိုဖမ်းဆွဲကာ အခြားငှက်တစ်ကောင်ဆီကိုလွှဲဖို့ သူ့ရဲ့အစွမ်းအစကိုအသုံးပြုလိုက်သည်။

သက်ရှိငှက်နှစ်ကောင်သည် အတူတကွတိုက်မိသောကြောင့် သူတို့၏လှုပ်ရှားမှုများသည် အပြန်အလှန်ထိခိုက်စေပြီး ၎င်းတို့၏ပျံသန်းမှုကို ရှုပ်ထွေးစေခဲ့သည်။ သူတို့ကတစ်ခဏမျှ ဟန်ချက်မညီနိုင်အောင် ဖြစ်သွားလေ၏။

ရှုကျင်ထျန်းသည် ဤအခိုက်အတန့်ကို အခွင့်ကောင်း ယူပြီး အပေါ်သို့တက်လိုက်သည်။ နောက်ဆုံးတော့ငှက်ကြီးတွေက သူ့ကိုမတိုက်ခိုက်ခင်မှာ အသိုက်ဆီသို့  သူရောက်လာခဲ့သည်။

မီးတောက်ငှက်တွေက သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်ထိန်းလိုက်သော်လည်း မိန်းမပျိုလေးက သူတို့ရဲ့အသိုက်ထဲ မမျှော်လင့်ဘဲရောက်လာတာကို မြင်လိုက်ရတဲ့အခါ သူတို့ကမယုံကြည်နိုင်လောက်အောင် ကြောက်လန့်သွားပြီး ရှုကျင်ထျန်းကို အော်ဟစ်လာသည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now