(2)

7.9K 1.2K 216
                                    

(Unicode)

မြွေသားရဲကြီးသည် သားရဲတိုက်တွင်ရှားပါးသော မျိုးစိတ်ဖြစ်သည်။ ဘာလို့လဲဆိုတော့ သူတို့ကသွေးအေးတဲ့ တိရစ္ဆာန်ဖြစ်တာကြောင့်ပဲ။ သူတို့၏ တစ်သက်တာ မိတ်ဖက်မှလွဲ၍ သူတို့၏အရင်းနှီးဆုံး မိတ်ဆွေ၊ဆွေမျိုးကိုပင် ချစ်ခင်တွယ်တာမှုမရှိခဲ့ကြပါချေ။ ထို့ကြောင့်သူတို့သည် မိတ်ဖက်မတွေ့ဆုံမီ တစ်ဦးတည်းနေထိုင်သော သတ္တဝါများဖြစ်ကြလေသည်။

ထို့ပြင် မြွေသားရဲများ၏ မျိုးပွားမှုသည်လည်း အခြားသောသားရဲမျိုးနွယ်များနှင့် ကွာခြားပေသည်။ သူတို့သည် ဥမှပေါက်ဖွားကြတာဖြစ်ပြီး အသိုက်တစ်ခုထဲတွင် ၇လုံး၊ ၈လုံး ဒါမှမဟုတ်ရင် ၁၅လုံး ၁၆လုံးထိတောင်ရှိနိုင်သည်။ ထို့အပြင် သူတို့၏သုတ်ပိုးများသည် သက်တမ်းရှည်ပြီး အမျိုးသမီးတစ်ဦး၏ကိုယ်ခန္ဓာတွင် ဆယ်စုနှစ်တစ်ခုနှင့်အထက် အသက်ရှင်နိုင်သည်။ အကယ်၍ တစ်ကြိမ်တည်းမိတ်လိုက်ခံလိုက်မယ်ဆိုရင်တောင် ထိုအမျိုးသမီးသည် အကြိမ်ပေါင်းများစွာ ဥများဥနိုင်ပေလိမ့်မည်။

အတိတ်ကာလက အတင်းအကျပ် မိတ်လိုက်ခြင်းခံရပြီးနောက် သူတို့၏အဆွေအမျိုးများက ကယ်တင်ခြင်းခံခဲ့ရသော အမျိုးသမီးတစ်ဦးရှိခဲ့ဖူးသည်။ ထိုနောက်တွင် သူမသည်မြွေသားရဲတစ်ကောင်နှင့် ထပ်ခါထပ်ခါမိတ်မဖက်ခဲ့သော်လည်း ၁၁နှစ်ကြာသည့်တိုင် မြွေဥများကိုဥပေးခဲ့ရသည်။ ထိုမြွေဥများကိုဥပြီးသည်နှင့်တစ်ပြိုင်နက် ချက်ချင်းစွန့်ပစ်ခဲ့သည်။ ဥတွေကိုနွေးထွေးအောင် ဘယ်သူမှမလုပ်ပေးကြရင်တောင် သူတို့ကမြွေသားရဲတွေဖြစ်လာဦးမှာပဲ။

အဲ့ဒါက အင်အားကောင်းတဲ့မျိုးပွားနှုန်းလို့ဆိုနိုင်ပြီး မြွေသားရဲအရေအတွက်အများအပြား ရှိနေသင့်ပေသည်။ သို့သော်လည်း အမှန်တကယ်ဆန့်ကျင်စွာဖြင့် မြွေသားရဲမျိုးစိတ်များဟာ ရှားပါးမျိုးနွယ်များဖြစ်လာကြလေသည်။

ဒါဟာအစွန်းရောက်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကောင်းကင်ကိုဆန့်ကျင်သော မျိုးပွားနိုင်စွမ်းနှင့် သူတို့၏ သားစဥ်မြေးဆက်များစွာရှိနိုင်သည်။ သို့သော်လည်း သူတို့သည် အသိဥာဏ်နည်းပါးသောမြွေများပင် ဖြစ်ချေ၏။ ထို့ကြောင့် လူသားအသွင်သို့မပြောင်းလဲနိုင်ပါချေ။ ထိုသို့ပြောင်းလဲနိုင်သူမှာလည်း တစ်ထောင်လျှင်တစ်ဦးသာရှိနိုင်သည်။ ယခုသားရဲတိုက်ကြီးတွင်တော့ မြွေသားရဲတစ်ရာမကရှိလေသည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now