အပိုင်း ၂

3.4K 312 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၂ - ချင်ကောနဲ့ ဝူထုန် ၂


ကောင်လေးက အရုပ်သေနတ်ကိုယူပြီး နောက်ဆုံးတွင် သူမကိုကြည့်ဖို့ ခေါင်းကို မော့လိုက်သည်။ ဝူထုန်က သူ့အမူအရာက အနည်းငယ် ထူးဆန်းတယ်လို့ ထင်ပေမယ့် သူမမှာ ၎င်းကိုဂရုစိုက်နေဖို့ အချိန်မရှိပေ။  သူဘယ်မှာမှမထိခိုက်ကြောင်းသေချာစေရန် အမြန် တစ်ချက်ကြည့်ပြီးနောက် ဝူထုန်က သူ့ကိုမေးလိုက်သည်။ "မင်း မထိခိုက်သွားဘူးမလား။  မင်းမိဘတွေကော ဘယ်မှာလဲ"

ရုတ်​တရက်​ သူမ ကြမ်းတမ်း​သော ​ယောကျာ်းတစ်ယောက်၏ အသံတစ်​ခုကိုကြားလိုက်ရသည်။ "ဖေးဖေး!"

ကလေးငယ်သည် ဝူထုန်ဆီမှ ချက်ချင်းထွက်သွားပြီး အလွန်အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက်တောင့်တဲ့ လူတစ်ယောက်ဆီသို့ ပြေးသွားခဲ့သည်။  သူသည် ကောင်လေး၏ မိဘဖြစ်ကြောင်း အတည်ပြုပြီးနောက် ဝူထုန် သည် အမြန်လှည့်ကာ ဓာတ်လှေကားဆီသို့ ပြေးသွားခဲ့သည်။  သူမသည် ၎င်းရှေ့တွင် ရပ်ကာ တံခါးအထက်ရှိ နံပါတ်များကို ခဏတာ စောင့်ကြည့်ခဲ့ပြီး နောက်ဆုံးတွင် ဓာတ်လှေကားက အထပ် ၂၀ နှင့် ၂၆ တို့တွင် အသီးသီး ရပ်သွားကြောင်း ကောက်ချက်ချခဲ့သည်။

"အထပ် ၂၀ ဒါမှမဟုတ် ၂၆ ထပ်"  ဝူထုန်က ဟိုတယ်၏မြေပုံကို ရှာတွေ့ခဲ့ပြီး  အထပ် ၂၀သည် စားသောက်ဆိုင်ဆီ ဦးတည်သည်ကိက တွေ့လိုက်ရပြီး ၂၆ ထပ်က အစည်းအဝေးခန်းဖြစ်သည်။

"ငါ အထပ် ၂၀ ကို အရင်သွားမယ် ပြီးမှ ၂၆ ကို သွားမယ်" ဟု ဓာတ်လှေကားထဲသို့ မဝင်မီ သူမ ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင်လောဘီ၌  ချင်ကောသည် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ဖေးဖေးကို မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”

ကြီးမားတဲ့ အိုးကြီးထဲမှာစိုက်ထားတဲ့ အပင်သည် စောစောက သူ့မြင်ကွင်းကို ပိတ်ဆို့ထားသောကြောင့် သူမြင်သမျှမှာ ဖေးဖေးနှင့် စကားပြောနေသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။  ဖေးဖေးက သာမာန်ကောင်လေးတစ်ယောက် မဟုတ်သောကြောင့် ချင်ကော အနည်းငယ်စိုးရိမ်သွားသည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now