အပိုင်း ၅၈

1K 116 4
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၅၈

ဝူထုန်က ရုတ်တရက်ကြီး အဟွန်းလို့လုပ်ကာပေါ်လာတဲ့ လူကို ကြည့်ပြီး ပြောလိုက်သည်။ "ဖေးဖေးရဲ့ ရှပ်အင်္ကျီ အဆင်သင့်ဖြစ်နေပြီ၊ ရှင့်အတွက်က ရက်နည်းနည်းလောက် စောင့်ရလိမ့်မယ်။ ကျွန်မမှာ အစအလုံအလောက် မရှိဘူး"

ချင်ကောက ဝူထုန်ကို ပြန်မဖြေဘဲ သူမကို နံရံဘက် တိုက်ရိုက်ဆွဲကပ်လိုက်ပြီး လက်ထောက်ထားကာ ဝူထုန်ကို မပြတ်မသား ကြည့်လိုက်ပေမယ့် တကယ်တမ်းမှာတော့ မျက်လုံးက နက်ရှိုင်းပြီး ခဏလောက်ခေါင်းငုံ့ထားကာ နမ်းလိုက်သည်။

ချီး ငါ့မိန်းမကို နမ်းရတဲ့ ဖီလင်က အရမ်းကောင်းတယ်၊ ငါ မခွဲချင်ရင် ဘာလုပ်ရမလဲ၊ အရင်ဆုံး အနမ်းကိုပြီးအောင်လုပ်ရမယ်။

ဝူထုန် မောဟိုက်လာကာ ထိုလူကို တွန်းထုတ်လိုက်ပြီး "ရှင် ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။

"မိန်းမ မင်းက အရမ်းချိုလိုက်တာ"  စကားပြောပြီးနောက် သခင်လေး ချင် ထပ်ပြီးအဆက်မပြတ်နမ်းခဲ့သည်။ အွန်း ဒီတစ်ခါတော့ မခွဲရင် သူမ သေတော့မယ်။

ထို့ကြောင့် ဝူထုန် အသက်ရှုကြပ်လာတဲ့အခါ သူကိုသာ ရိုက်နှက်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ထိုလူကို ကျောခိုင်းသွားစေဖို့ ကိုက်လိုက်သည်။ “ရှင်ဘာလို့ နေ့လယ်ခင်းကြီးမှာ အရူးထနေတာလဲ”  သခင်လေးချင်က သူ့မိန်းမရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကို မြင်လိုက်ရသည်။

သူ ဘယ်လိုမျိုး အနမ်းကို အပြီးသတ်ခဲ့တာလဲ။
ပိုပြီးတောင်ကြီးသထက်ကြီးလာပြီ။ မည်းမှောင်နေတဲ့ မျက်နှာနဲ့ အခန်းကို ပြန်သွားခဲ့ပြီး ဝဘ်စာမျက်နှာကို ဆက်ကြည့်ခဲ့သည်။

ပို့ပိုင်ရှင် - လုံးဝအဆင်မပြေဘူး ပြီးတော့ ငါ့မိန်းမ  ပိုလို့တောင် ဒေါသထွက်နေပြီ

180L - သေစမ်း ပို့ပိုင်ရှသ် မင်းဘေးနားက မင်းမိန်းမက မမှန်ဘူး။

ပို့စ်ပိုင်ရှင် - Next door

188L- ပို့စ့်ပိုင်ရှင်၊ မင်းရဲ့လစာကတ်ကို လွှဲပေးလိုက်

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now