အပိုင်း ၂၈

1.8K 201 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၂၈

"ကျေးဇူးပါ အမေ။  ကျေးဇူးပါ အဖေ”  ဝူထုန် အနီရောင်စာအိတ်ကို လက်ခံပြီး သူမ၏ အိတ်ထဲမှ သပ်ရပ်လှပသော ဘူးသုံးဘူးကို မထုတ်ခင် ကျေးဇူးတင်စကားပြောလိုက်သည်။  သူမသည် ဘူးတွေထဲမှ တစ်ခုကို မစ္စစ်ချင်ကို ပေးလိုက်ပြီး "ဒါတွေက ဒေသခံဘုန်းတော်ကြီးတစ်ပါးဆီက ရခဲ့တဲ့ ဗုဒ္ဓပုတီးစေ့တွေပါ။[2]  စေတနာ့ဝန်ထမ်းအလုပ်လုပ်ဖို့ မနှစ်က တိဗက်ကိုသွားတုန်းက[3] ရခဲ့တာ။ ပြောကြတာကတော့ ကောင်းချီးပေးခံပြီး ကိုယ့်ကိုကာကွယ်ပေးတယ်လို့တော့ပြောကြတယ်။  ဒီပုတီးစေ့တွေကို အမေ့ အတွက် လက်ကောက်လုပ်ပေးထားတာ။  ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

[2]  တိဗက်ဘုန်းတော်ကြီးသည် တိဗက်ဗုဒ္ဓဘာသာ၏ ဝိညာဉ်ရေးရာဆရာများဖြစ်သည်။

[3] သူမလုပ်သော စေတနာ့ဝန်ထမ်းအလုပ်သည် Peace Corps နှင့် ဆင်တူသည်။  မဖွံ့ဖြိုးသေးသော ဒေသများသို့ ပညာရေးကို ဆောင်ကြဉ်းပေးမည့် အစီအစဉ်တစ်ခုတွင် သူမပါဝင်ခဲ့သည်။

သူမက ကျန်ဘူးနှစ်လုံးကို မစ္စတာ ချင်နဲ့ ချင်ဟွိုက်ကို လက်ဆောင်ပေးခဲ့သည်။

လက်ဆောင်ကို လက်ခံရရှိတဲ့အခါ ချင်ဟွိုက်က ပြုံးပြီး “မရီး” ဟု ခေါ်ခဲ့သည်။  ဝူထုန် ရှက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဒါအရမ်းလှတာပဲ”  မစ္စစ်ချင်က ဝူထုန်ရဲ့ ရှေ့မှာ လက်ကောက်ကို ဝတ်လိုက်သည်။  “ထုန်ထုန့်ဆီက လက်ဆောင်တွေကို ငါတို့လည်း မမျှော်လင့်ဘဲ ရခဲ့တယ်” လို့ အော်ဟစ်ရင်း သူမရဲ့ ပျော်ရွှင်မှုကို ဖုံးကွယ်မထားခဲ့ချေ။

မစ္စတာချင်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ဝူထုန်က သူမ လက်ဆောင်ကြောင့် ချင် မိသားစု မည်မျှ ပျော်ရွှင်နေသည်ကို မြင်လိုက်ရတဲ့အခါ သူမ စိတ်သက်သာရာ ရသွားသည်။  သူမ လှည့်ကြည့်လိုက်သည်နှင့် ကျေနပ်မှုအပြည့်ရှိသော ချင်ကောရဲ့ မျက်လုံးတွေကို တွေ့လိုက်ရသည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now