အပိုင်း ၄၇

1.4K 144 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၄၇

ကားက နောက်ဆုံးလမ်းကို လှည့်ပြီး အိမ်တံခါးဝမှာ ရပ်ခဲ့သည်။  ချင်ကောက နောက်ခုံဆီသွားကာ အိပ်ပျော်နေပြီဖြစ်တဲ့ ဖေးဖေးကို ချီသွားခဲ့သည်။ ဝူထုန်က ဖေးဖေး အခန်းဆီ အရင်သွားခဲ့ပြီး မီးဖွင့်ပြီးနောက် စောင်ကို ဖြန့်ကာ ချင်ကော ကလေးကို ဂရုတစိုက်ချပေးပြီးနောက် ဝူထုန််က စောင် ပြန်ခြုံပေးခဲ့သည်။

ချင်ကောက ဝူထုန်ရဲ့ နူးညံ့သိမ်မွေ့တဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး သူ့စိတ်ထဲ အနည်းငယ် ကသိကအောက်ဖြစ်လာသည်။ အကြောင်းအရာ တစ်ဝက်တစ်ပျက်မှာ ဝူထုန် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ချင်ကောက ဝူထုန် ဘာတွေတွေးနေမှန်း မသိပေမယ့် ဒီခံစားချက်ကို သူ မကြိုက်ဘူး။

နှစ်ယောက်သား ဖေးဖေး အခန်းထဲက ထွက်တဲ့အခါ ချင်ကောက ဝူထုန့် လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို အတင်းဆွဲခေါ်သွားခဲ့သည်။

"ရှင်ဘာလုပ်နေတာလဲ"  ဒီလူ ဘာကြောင့် ရုတ်တရက် ရူးနေတာလဲ?

"ကြောက်နေတာလား"  ချင်ကော မေးလိုက်သည်။

"ဘာကိုကြောက်ရမှာလဲ"  ဝူထုန် ပဟေဠိဖြစ်သွားသည်။

"ကိုယ် အဲ့လို မလုပ်ဘူး... မင်းကို ဘယ်တော့မှ နာကျင်အောင်မလုပ်ဘူး"  ချင်ကောက ဝူထုန်ကို စိတ်အားထက်သန်စွာ ကြည့်ပြီး "ကိုယ် ကိုယ့်ကိုယ်ကို မထိန်းနိုင်ရင် ကိုယ် လက်ထပ်မှာ မဟုတ်ဘူး" လို့ပြောလိုက်သည်။

တစ်ယောက်နဲ့တစ်ယောက် ပိုအဆင်ပြေလာတာနဲ့အမျှ ဝူထုန်လည်း ဒီလူရဲ့ဒေါသကို တဖြည်းဖြည်းနားလည်လာခဲ့သည်။ သူပျော်နေချိန်မှာ သူဘာလုပ်ခဲ့တယ်ဆိုတာ အရေးမကြီးဘူး။ ဒေါသထွက်နိုင်တယ် ဒါမှဟုတ် သူမကို လျစ်လျူရှုလို့ရတယ်။ ဒါပေမယ့် ဒီလူက သူမကို ဒီလိုအမူအရာနဲ့ကြည့်လာတဲ့အချိန် သူ့ဆံပင်တွေကို သူမ ထိလိုက်မိသည်။

ပြတ်ပြတ်သားသား ရိုင်းရိုင်းပျပျ ချော့ချင်သည်။  "ကျွန်မသိပါတယ် ရှင့်ကို ယုံတယ်"  ဝူထုန် တခဏမျှ တုံ့ဆိုင်းသွားပြီး ရှေ့ကို ကိုင်းကာ သူ့ နှုတ်ခမ်းထောင့်ကို ညင်သာစွာ နမ်းလိုက်သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon