အပိုင်း ၅၀

1.6K 160 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၅၀

အစက ကားထဲမှာ ထိုင်နေတဲ့ လီမင်က သူမရဲ့ အသည်းလေးကို ရိုက်ဖို့ ပြေးထွက်လာတာကို ရုတ်တရက် မြင်လိုက်ရပြီး ချက်ခြင်းပဲ ခရီးသည်ထိုင်ခုံကနေ ထိတ်လန့်တကြား ပြေးထွက်လာကာ ဘေးနားက လုံခြုံရေးကို "လုံခြုံရေး၊ ရဲကိုခေါ်" လို့ လှမ်းအော်ရင်း ဝူထုန်က ချင်ကော ရဲ့ လက်မောင်းကို လှမ်းကိုင်ထားတဲ့အချိန် သူမက လျိုယွမ်ရဲ့ရှေ့မှာကာပေးလုနီးပါးပဲ။

"ရဲကို မခေါ်နဲ့။"  ဝူထုန်က ရဲခေါ်ခါနီး လုံခြုံရေးအစောင့်ကို အမြန်တားလိုက်ပြီး ချင်ကောကို ဒေါသတကြီးနဲ့ပြောလိုက်သည်။ "ရှင်ဘာလုပ်နေတာလဲ မြန်မြန်လွှတ်လိုက်တော့လေ "

"ရှေ့ကဖယ် "  အခု ဒီကောင်လေးက ပို၍ပို၍ စိတ်မသက်မသာ ဖြစ်နေတာကို ချင်ကော မြင်လိုက်ရသည်၊  သူက အရမ်းအားနည်းတဲ့အတွက် သူ့လက်ကိုတောင် မရွှေ့နိုင်တော့ဘဲ အခုချိန်မှာတော့ သူ့ကို ကာကွယ်ပေးနေတဲ့ အမျိုးသမီးနှစ်ယောက်ရှိနေသည်။ တစ်ယောက်ရဲ့  နောက်မှာ နောက်တစ်ယောက်ရှိနေသည်။

" မဖယ်ပေးဘူး။ ရှင့်မှာ အရည်အချင်းရှိရင် လုပ်လိုက်လေ။ ရှင့်လို ယောက်ျားရင့်မာကြီးက မိန်းမတစ်ယောက်ကို ရိုက်ရဲလားဆိုတာ ကြည့်ရအောင်"  လီမင်က မျက်လုံးကျယ်ကျယ်ဖွင့်ထားတဲ့ ချင်ကောကို အော်လိုက်သည်။

"ယောက်ျားတစ်ယောက်ကို မိန်းမနှစ်ယောက်က အကာအကွယ်ပေးနေရတာ မရှက်ဘူးလား "  ချင်ကောက လျိုယွမ်ကို မထီမဲ့မြင်ပြုခဲ့သည်။

"ငါ..."

"ငါ့ချစ်သူကို ကာကွယ်ပေးတာ ဘာဖြစ်လဲ မသာရဲ့ "လီမင်က သူမအသည်းလေး မထီမဲ့မြင်ပြုခံရတာကို မမြင်ချင်တာကြောင့် လျိုယွမ် ရှေ့မှာ အော်ပြောလိုက်သည်။  သူမစကားကြောင့် သူတို့သုံးယောက် လန့်သွားကြသည်။

ဝူထုန်က သူမကို နင်နှစ်ပေါင်းများစွာ လျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်ကို ကမ္ဘာကြီးကို ဖွင့်ပြလိုက်ပြီဆိုတာကို တကယ်ပဲ ပြောပြချင်နေပြီ။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now