အပိုင်း ၁၀

2.1K 207 0
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၁၀

ဝူထုန်သည် ချင်ကော မျက်လုံးတွေထဲက အပြုံးကို နားမလည်နိုင်တာကြောင့် သူမလုပ်နိုင်သမျှက စကားတစ်ခွန်းမှ မပြောဘဲ ပြုံးပြတာဖြစ်သည်။

ညစာစားပြီးချိန်တွင် ချင်ကောက ရုတ်တရက်ကြီး ဝူထုန်ကို အိမ်ပြန်ပို့ပေးမယ်လို့ပြောခဲ့သည်။ ချင်မိသားစုတစ်စုလုံး အံ့အားသင့်သွားကြသည်။ ဝူထုန့် ဒုတိယဦးလေးက သဘာဝအတိုင်း ကန့်ကွက်မှာမဟုတ်တာကြောင့် ဝူထုန်အနေနဲ့ ချင်ကော၏ ဂျစ်ကားဖြင့်သာ အဆုံးသတ်သွားခဲ့သည်။

သူမရဲ့ ကြော့ရှင်းတဲ့ ၀တ်စားဆင်ယင်မှုနဲ့ သူ့ရဲ့ အရိုင်းဆန်တဲ့ ဂျစ်ကားတို့က အထူးသဟဇာတ ဖြစ်မနေပေ။ ဝူထုန်က ချင်ကောက ဘာလို့ ရုတ်တရက် အိမ်ပြန်ပို့ပေးချင်တာလဲဆိုတာ မသိပေမယ့် သူမရဲ့လိပ်စာကို ပေးခဲ့ပြီး ရှေ့က ခရီးသည် ထိုင်ခုံမှာ တိတ်တဆိတ် ထိုင်နေခဲ့သည်

ဂျစ်ကားက မှောင်မိုက်တဲ့ညကို ဖြတ်သန်းပြီး လျှပ်စီးလိုအရှိန်ဖြင့် ခရီးဆက်ခဲ့သည်။  ဝူထုန် အိမ်တံခါးဝတွင် မရပ်မီ မြို့၏နေရာ အများစုကို ဖြတ်သန်းခဲ့သည်။

"အိမ်ပြန်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်" ဝူထုန်က ကားတံခါးကိုဖွင့်ပြီး သူမဘာသာသူမ မဆင်းခင် သူ့ကို ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောလိုက်သည်။

"မစ္စ ဝူထုန်"

ဝူထုန်က လှည့်ပြီး ကားထဲကနေ ထွက်ကာ ဂျစ်ကားရဲ့ခေါင်းကို မှီနေတဲ့ ချင်ကောကို ရင်ဆိုင်လိုက်သည်။  သူက ဝူထုန်ကို ဆင်ခြင်သုံးသပ်ကာ ကြည့်နေသည်။

"ကျွန်မကို ဝူထုန်လို့ပဲခေါ်ပါ" အကယ်၍ သူမတို့ အတူရှိဖို့ ရည်မှန်းထားလျှင် အချင်းချင်း ပြောဆိုဆက်ဆံပုံ ပြောင်းလဲခြင်းဖြင့် အချင်းချင်း စတင်ရင်းနှီးလာနိုင်သည်။

"ဝူထုန်"  ချင်ကော လက်ချောင်းတွေက သူ့ကားခေါင်းအပေါ် မသိစိတ်အရ ခေါက်နေခဲ့ပြီး ပြောခဲ့သည်။ "မမျှော်လင့်ဘဲ ငါတို့ မကြာခင် လက်ထပ်ကြရတော့မှာပဲ"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now