အပိုင်း ၃

3K 306 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၃ - အိမ်ထောင်ရေးတွေ့ဆုံပွဲ ၁

ဝူထုန်ရဲ့ ရည်ရွယ်ချက်က သူမဦးလေးကို အခက်တွေ့စေပြီး သူလုပ်နေသမျှကို အနှောင့်အယှက်ဖြစ်စေဖို့မဟုတ်တာကြောင့် တစ်နေရာရာမှာ တိတ်တဆိတ် ထိုင်လိုက်ပြီး သူမရောက်ရှိနေတာကို အရေးမပါသလို လျှော့ချလိုက်သည်။

သူမနောက်တွင် ချင်ကောက ဖေးဖေးနှင့်အတူ အခန်းထဲသို့ ဝင်လာခဲ့သည်။  သူက ဝူ မိသားစုကို တစ်ချက်ကြည့်လိုက်ပေမယ့် သူ့မိန်းမ ဖြစ်နိုင်ခြေအများဆုံးရှိတဲ့ မိန်းကလေးကို ဂရုမစိုက်ခဲ့ဘူး။ အဲဒီအစား သူက သူ့အမေဆီ တိုက်ရိုက်သွားလိုက်ပြီး ခေါင်းညိတ်ကာ နှုတ်ဆက်လျက် စကားတစ်ခွန်းမှ မပြောဘဲ ထိုင်ခဲ့သည်။

"ဒါက ကျွန်မရဲ့သားကြီး ချင်ကော။ ချင်ကော၊ ဒါက ဝူ စားသောက်ကုန် ရဲ့ ဥက္ကဌ၊ ဒါကတော့ သူ့ရဲ့မိသားစုဝင်တွေ"

ချင်ကောက ခေါင်းညိတ်လိုက်သည်။  "မင်္ဂလာပါ"

ဝူလီရမ်သည် အခန်းကို ကျော်နင်းလွှမ်းမိုးသွားသော အေးစက်သည့် လေထုကို သုတ်သင်ရန် ကြိုးပမ်းရင်း ရယ်မောလိုက်သည်။ ချင်ကောက ဝူ မိသားစုကို စိတ်မဝင်စားပေမယ့် တစ်ဖက်ကတော့ ဆန့်ကျင်ဘက်ပဲ။ချင်ကော အခန်းထဲဝင်လာကတည်းက သူတို့ မျက်စိလွှဲမထားခဲ့ပေ။

မစ္စစ်ဝူက ရည်ရည်မွန်မွန်ရှိတဲ့ ချင်ဟွိုက်ကို နှစ်သက်သော်လည်း ချင်ကောကလည်း အလွန်ဆိုးရွားပုံမပေါ်ပေ။  သူ့မျက်လုံးနားက အမာရွတ်က ပြင်းထန်ပေမယ့် ကြောက်စရာမဟုတ်သလို သူ့မှာ ညံ့ဖျင်းတဲ့ စိတ်ထားရှိပုံရပေမဲ့ အထက်တန်းစား သူဌေးလူငယ်တွေကြားမှာတော့ ဒါက ထူးထူးခြားခြား လက္ခဏာတစ်ခုတော့ မဟုတ်ဘူး။

ထိုအချိန်တွင် ဝူခိုင်က ချင်ကောရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို အားကျနေခဲ့သည်။ ထိုအမျိုးသားသည် ခေါင်းမှ ခြေဖျားအထိ ယောက်ျားပီသမှုကို ထုတ်လွှတ်နေသည်။  သူ့လက်နှစ်ဖက်ရဲ့ ကြွက်သားတွေဟာ ဝူခိုင်ကို မနာလိုဖြစ်စေလောက်အောင်ပဲ။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now