အပိုင်း ၄၂

2K 198 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၄၂

"ရတယ် မလိုတော့ဘူး "  ချင်ကောက သူ့ကို ရုတ်တရက် တားလိုက်ပြီး ဝူထုန်ရဲ့ အံ့အားသင့်နေတဲ့ အကြည့်အောက်မှာ အမျိုးသမီး လက်စွပ်ကို ကောက်ကိုင်ပြီး ဒူးတစ်ဖက်ကို ထောက်လိုက်ကာ သူ့ပတ်ဝန်းကျင်က အော်သံတွေကြားမှာ ပြောခဲ့သည်။  "လက်စွပ်ကို ကိုယ်ဝတ်ပေးလို့ရမလား"

ဝူထုန်က သူမလက်ကို လက်စွပ်ကူဝတ်ပေးဖို့ သူမ ညာလက်ကို ချင်ကောက စိတ်မရှည်စွာဖြင့် ဆွဲယူလိုက်သည့်တိုင်အောင် အကြာကြီး အံ့အားသင့်နေခဲ့ပြီး လက်ထဲမှ လက်စွပ်ကို ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့သည်။

"တုံးအချင်ယောင်ဆောင်မနေနဲ့ ကိုယ့်ကိုလည်း ဝတ်ပေးဦး "ဝူထုန်က လက်စွပ်ကို အရူးလို စိုက်ကြည့်နေပြီး သူ့ကို လျစ်လျူရှုထားတာကို သတိပြုမိပြီး ချင်ကောက စိုးရိမ်တကြီး တိုက်တွန်းခဲ့သည်။

အခုထိ ဟက်ထိနေဆဲဖြစ်တဲ့ ဝူထုန်က သူမမျက်လုံးတွေကို မှိတ်မပြနိုင်ပေမယ့် လက်စွပ်ကို ကောက်ကိုင်ပြီး အဲဒီလူကို ကူဝတ်ပေးဖို့လုပ်နေတုန်းပဲ။ ထိုလူရဲ့ ဘဝင်ခိုက်နေသောအမူအရာကိုမြင်တော့ သူမက "လူဆိုး" ဟု ကျိန်ဆဲလိုက်သည်။

"ရှင်တို့ နှစ်ယောက်က တကယ့်ကို လိုက်ဖက်တာပဲ"  အမျိုးသမီးတိုင်း ဒီလိုမြင်ကွင်းမျိုးကို ခံနိုင်ရည်မရှိကြဘူးလို့ လှပတဲ့ အရောင်းစာရေးက ရိုးသားစွာ ပြောခဲ့သည်။

"ကျွန်တော်လည်း အဲ့လိုပဲထင်တယ် ဟီးဟီး"  ချင်ကောက ဝူထုန့်လက်ကို ဆုပ်ကိုင်လိုက်ပြီး လက်ထဲက ပုံစံတူ လက်စွပ်တွေကို ကြည့်ကာ လက်ထပ်ကြတဲ့သူတွေ ဘာကြောင့် လက်စွပ် ဝယ်ရတာလဲဆိုတာကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ဒီဟာက သူတို့က စုံတွဲတွေဆိုပြီး ကမ္ဘာကြီးကိုပြောပြနေသည့် အခြားလက်ထပ်စာချုပ်နှင့်တူသည်။

"အခု ကိုယ်တို့က စုံတွဲနဲ့ ပိုတူသွားပြီမလား " ချင်ကော မတတ်နိုင်စွာ မေးလိုက်သည်။

"..." ဝူထုန် ခေါင်းကိုက်လာကာ နဖူးကို အုပ်လိုက်မိသည်။ "ကျွန်မတို့က"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now