အပိုင်း ၃၆

2K 209 3
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၃၆

ဝူထုန် ဘယ်လောက် ကြောက်သွားလဲဆိုတာ မြင်လိုက်ရတော့  ချင်ကော စိတ်တွေ ဆူပွက်လာကာ စပါးအုံးမြွေ၏ အစွန်းနှစ်ဖက်ကို လက်ဗလာဖြင့် ဆုပ်ကိုင်ပစ်လိုက်သည်။  ဒါကို သတိပြုမိတော့ အမျိုးသမီးငယ်လေးက စပါးအုံးမြွေကြီးကို အလျင်စလိုယူပြီး လှောင်အိမ်ထဲ ပြန်ထည့်လိုက်သည်။

ဝန်ထမ်းတွေက အော်ဟစ်အားပေးနေကြတဲ့ ပရိသတ်ကို လူစုခွဲလိုက်ကြပြီး ခန်းမကလည်း တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။

"ဝူထုန်၊ အားလုံးအဆင်ပြေသွားပြီ၊ မျက်လုံးဖွင့်လိုက်တော့နော် " ချင်ကော နှိမ့်ချစွာပြောလိုက်သည်။

ဝူထုန်က စိတ်ထဲတွင် ကြောက်လန့်နေခဲ့ပြီး နောက်ဆုံးတွင် ချင်ကော အသံကိုကြားလိုက်ရကာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ခြင်းမပြုမီ အချိန်အနည်းငယ်ယူခဲ့သည်။

"အားလုံး အဆင်ပြေသွားပြီ၊ မကြောက်နဲ့တော့နော် "ချင်ကော ညင်သာစွာဖြင့် စိတ်ချလက်ချပြောလိုက်သည်။

ဝူထုန်က ​​သူမရဲ့ ခွန်အားတွေ ဆုံးရှုံးသွားသလိုပဲ မြေပြင်ပေါ် လဲကျသွားပြီး ရှိုက်ငိုခဲ့သည်။

“မကြောက်နဲ့တော့နော် ”  ချင်ကောက သူမကို ဒီနေရာ ခေါ်ဆောင်လာမိတာကို ရုတ်တရက် နောင်တရသွားခဲ့သည်။

"အားလုံးက ရှင့်အပြစ်ပဲ"  ဝူထုန်က ချင်ကော ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထုပစ်လိုက်သည်။  “မြွေကိုကြောက်တယ်လို့ ပြောထားပြီးသားကို။ ကျွန်မကို ဘာလို့ ဒီလိုလုပ်ရတာလဲ"

“ဒါတွေအားလုံးက ကိုယ့်အမှားပါ။  ကိုယ်တို့ ဒီကို ဘယ်တော့မှ ထပ်မလာတော့ဘူးနော် ” ဟု ချင်ကော ညည်းညူသည်။

ဝူထုန် မြွေမွေးမြူရေးခြံမှ ပြေးထွက်လာခဲ့သည်။  ချင်ကောက သူမနောက်ကို လိုက်ပြီး ဝူထုန် ရဲ့လက်ကို ကိုင်ထားချင်ပေမယ့် သူမကလက်ကို ပြင်းပြင်းထန်ထန် တွန်းဖယ်ပစ်ခဲ့သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now