အပိုင်း ၈

2K 220 0
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အခန်း ၈ - ကိုက်ညီသော ရိုးတွင်းခြင်ဆီ

*တနင်္လာနေ့*

ဝူ မိသားစုမှ လူတိုင်းက ကိုယ်တွင်းအင်္ဂါနှင့် ကိုက်ညီသော စမ်းသပ်မှုရလဒ်ကို မျှော်လင့်စောင့်စားခဲ့ကြသည်။  နောက်ဆုံးတွင် ဓာတ်ခွဲခန်းတံခါးပွင့်လာပြီး တက်ရောက်လာသော ဆရာဝန်က သူ့မျက်နှာပေါ်တွင် အပြုံးဖြင့် ထွက်လာပြီး “ဂုဏ်ယူပါတယ်။  နမူနာသုံးမျိုးမှာ အောင်မြင်တဲ့ ရိုးတွင်းခြင်ဆီတစ်ခုရှိတယ်။  အောင်မြင်တဲ့ ရိုးတွင်းခြင်ဆီပိုင်ရှင်ကတော့ ဝူခိုင်ပါ”

ဆရာဝန်ရဲ့ စကားကြားပြီးနောက် ဝူထုန် မျက်နှာတွင် မျက်ရည်များ စီးကျလာခဲ့သည်။ သူမ  ရှောင်ယွမ် လက်ကို ဆုပ်ကိုင်လိုက်ရင်း စိတ်ခံစားမှု လွန်ကဲလာခဲ့သည်။ “ရှောင်ယွမ်!  ရှောင်ယွမ်  အဲဒါကို ကြားလိုက်လား။ ကိုက်ညီတဲ့ရိုးတွင်းခြင်ဆီ အောင်မြင်ခဲ့ပြီတဲ့!!!"

“ဟုတ် ကြားပါတယ်”  ဘဝမှာ ဒုတိယအခွင့်အရေးရတော့တယ်လို့ ကြားသိရတဲ့ လူနာတစ်ယောက်မှ မပျော်ရွှင်ဘူးဆိုတာမရှိကြဘူး။

ဝူထုန်ရဲ့ ဒုတိယ အဒေါ်နဲ့ ဦးလေးတို့က တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ သူတို့ မျက်လုံးထဲ တွက်ချက်မှု အလင်းတန်းများ ပေါ်လာသည်။

"ရှောင်ခိုင် [1]၊ ကျေးဇူးအများကြီးတင်ပါတယ်။  တကယ်ပါ…” ဝူထုန်က လှည့်ကြည့်ရင်း ဝူခိုင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ကာ ခံစားချက်နဲ့ အနိုင်ယူနေတုန်းပဲ။

[1] ဝူခိုင်သည် ဝူထုန် ထက်ငယ်သောကြောင့် သူမက သူ့ကို "ရှောင်"ဟု ချစ်ခင်စွာ ရည်ညွှန်းထားတာဖြစ်သည်။

"ကိစ္စမရှိပါဘူး။ ရှောင်ယွမ်နဲ့ ကျွန်တော်က ငယ်ငယ်တုန်းကတည်းက အတူတူ ကစားခဲ့ကြတာပဲ။ ကူညီပေးနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်"  ဝူခိုင်က အားရပါးရပြုံးပြခဲ့သည်။

"မင်းတို့အားလုံး အရမ်းပျော်နေကြတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ရှောင်ယွမ်ရဲ့ အခြေအနေကြောင့် ငါတို့ ထပ်စောင့်လို့ မရတော့ဘူး"  ဆရာဝန်က ဝူခိုင် ဘက်လှည့်ပြီး " ရိုးတွင်းခြင်ဆီ လှူချင်တယ်ဆိုတာ သေချာရင် ငါတို့ နောက်ထပ် စမ်းသပ်မှုတွေ လုပ်ရလိမ့်မယ်။ ဒါကြောင့် မင်း ဆေးရုံမှာ ရက်အနည်းငယ်လောက် ဆက်နေရမှာ"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now