အပိုင်း ၂၀

2.2K 237 8
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၂၀


"အထူး သွားချင်တဲ့နေရာမျိုးရှိလား"  ချင်ကောက မေးလိုက်သည်။

"ရှင်သွားချင်တဲ့နေရာကိုသွားပါ ကျွန်မ အဆင်ပြေပါတယ်" ဝူထုန်က တုံ့ပြန်ခဲ့သည်။

“ကောင်းပြီလေ။  မင်းရဲ့ပတ်စပို့ကို နောက်ကျ ပေးဖို့မမေ့နဲ့” ချင်ကော ပြောလိုက်သည်။

"အိုကေ" ဝူထုန်က ချင်ကောပဲ အလုပ်အားလုံးကို အမြဲလုပ်ပေးနေရတာအတွက် အနည်းငယ်ရှက်ရွံ့သလို ခံစားမိတာကြောင့် သူမ သူ့ကို အားရပါးရပြုံးပြခဲ့သည်။ နေရောင်ခြည်က သူမမျက်နှာကို တောက်ပစေတာကြောင့် ဘယ်လောက်လှပပြီး စူးရှတောက်ပနေလဲကို သူမ မသိလိုက်ပေ။  သူမ အပြုံးက ချင်ကော အတွက် အလွန် ဆွဲဆောင်မှု ရှိသည်။

ချင်ကောက သူ့အတွင်းရှိ သားရဲကို မထိန်းချုပ်နိုင်တော့ပေ။ သူ အဲ့တာကိုအကြာကြီးသည်းခံခဲ့ပြီးနောက် စားကောင်းသောက်ဖွယ် အစားအစာကို ကိုက်စားဖို့ အသင့်ဖြစ်နေတဲ့ ဝံပုလွေတစ်ကောင်လို ဝူထုန်ကို သစ်ပင်ရဲ့ ပင်စည်မှာ အတင်းဖိကပ်ထားခဲ့သည်။

ဝူထုန်ရဲ့ ခန္ဓာကိုယ် တောင့်တင်းသွားပေမယ့် တဖြည်းဖြည်း သက်သာလာသည်။ ငါတို့ရဲ့အိမ်ထောင်ရေးက တရားဝင်ဖြစ်နေပြီလေ။ ငါဘာလို့ စိတ်ရှုပ်နေရမှာလဲ။  ဝူထုန်က ချင်ကော မျက်ဝန်းတွေထဲ အရိုင်းဆန်တဲ့ အကြည့်ကို မြင်လိုက်ရသည်။  သူမ မျက်လုံးတွေကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး နှုတ်ခမ်းကို အနည်းငယ်ဟလိုက်သည်။

ဝူထုန်ရဲ့ နှုတ်ခမ်းများကို သူ ခွဲလိုက်ရင်း ချင်ကော ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိနေသလိုပင်။ သူ့လျှာက သူမပါးစပ်ထဲ ချော်ဝင်သွားပြီး သူမ လျှာဖျားကို ထိတွေ့မိသွားသည်။  နှစ်ယောက်စလုံး အသက်ရှုမဝတော့သည်အထိ ပြင်းပြင်းထန်ထန် စုပ်ယူခဲ့ကြသည်။

ချင်ကောက သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားနေသလိုမျိုး ဝူထုန့်ခါးကို အနည်းငယ် တင်းတင်းဆုပ်ကိုင်ထားသည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now