အပိုင်း ၃၀

2K 221 3
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၃၀

ဝူထုန်က ရှောင်ယွမ်ရဲ့ တောင်းဆိုမှုကို လုံးဝလျစ်လျူရှုခဲ့သည်။  "ဟိုကိုရောက်တဲ့အခါကျရင် အတန်းဖော်တွေနဲ့ အဆင်ပြေအောင်နေ။  နောက်ပြီး ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း အပင်ပန်းမခံနေနဲ့ဦး "

"အွန်း"  အဆုံးမှာတော့ ရှောင်ယွမ်က သူလိုချင်တာကို မရခဲ့ပေ။  သူ သူ့ကျောပိုးအိတ်ကိုကျောပေါ်တင်ပြီးလွယ်ကာ နားနေခန်းဆီ လျှောက်သွားကာ ခြေလှမ်းတိုင်းမှာ ထပ်ခါတလဲလဲ လှည့်ကြည့်မိသည်။

ဝူထုန် ပြုံးပြီး ဖုန်းကို ထုတ်လိုက်သည်။ ချင်ကောက လွန်ခဲ့သော ၁၀ မိနစ်ခန့်က သူမဆီ အသံမက်ဆေ့ချ်တစ်ခု ပို့ခဲ့တာကို သူမမြင်လိုက်ရသည်။ "ဟန်နီ၊ ကိုယ်တို့အိမ်လေးကို အလှဆင်ထားပြီ။ လာကြည့်ချင်လား"

ဝူထုန် အသံမက်ဆေ့ချ်ဖြင့် တုံ့ပြန်ခဲ့သည်။  "ကျွန်မချက်ချင်းလာခဲ့မယ်"

ဝူထုန် တက္ကစီတစ်စီးကို ငှားလိုက်ပြီး မြို့တောင်ပိုင်းတွင်ရှိသော သူမအိမ်အသစ်ဆီ ဦးတည်သွားခဲ့သည်။  သူမသည် အကျွမ်းတဝင်ရှိသော အနီရောင် အိမ်ရှေ့တံခါးကို တွန်းဖွင့်လိုက်ရာ တရုတ်ထီးဆောင်းပင်အောက်တွင် ဒန်းစီးနေကြသော  ချင်ကော နှင့် ဖေးဖေး တို့ကို တွေ့လိုက်ရသည်။

"ရောက်လာပြီလား "ချင်ကောက ဒန်းကိုလွှဲရင်း သူမကိုပြုံးပြခဲ့သည်။

ဝူထုန် သူ့ကိုပြန်ပြုံးပြလိုက်သည်။  သူမရဲ့မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်ချိန် ခြံဝင်းထဲက တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။ အဲ့တာက ကြီးမားလှတဲ့ လက်ဝှေ့ထိုးတဲ့အိတ်ကြီးပါပဲ။

"အဲ့ဒါက......."  ဝူထုန်က ထောင့်က လက်ဝှေ့ထိုးတဲ့အိတ်ကို ညွှန်ပြလိုက်သည်။

“အိုး…” ချင်ကောက ရှင်းပြလိုက်သည်။ “အဲ့တာကိုဆင်ဖို့ ကိုယ် လူတစ်ယောက်ကို အကူအညီတောင်းထားတာ။ ကိုယ့်မှာ စိတ်ရောဂါရှိတယ်ဆိုတာ မင်းလည်းသိပြီးသားပဲ။ ရောဂါ စလာတဲ့အခါတိုင်း အိတ်ကို ထိုးလိုက်ရုံပဲ။  အဲဒါက ကိုယ့်ကို ထိန်းချုပ်နိုင်အောင် ကူညီပေးလိမ့်မယ်”

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now