အပိုင်း ၃၄

2.1K 242 5
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၃၄

ဝူထုန်က အားနည်းမောပန်းစွာ အိပ်ပျော်သွားခဲ့သည်။ချင်ကောက သူမကို စောင်တစ်ထည်ကို ညင်သာစွာခြုံပေးလိုက်သည်။  သူ့မျက်လုံးတွေက နောင်တဉ စိတ်ပျက်အားငယ်မှုတွေနဲ့ ပြည့်နှက်နေသည်။  နောက်ဆုံးတော့ ငါကိုယ့်ကိုယ်ကို မထိန်းနိုင်ခဲ့ဘူး။

“အင်း ”  ဝူထုန် အိပ်ပျော်နေစဉ် တဆက်ဆက်တုန်နေပြီး ချင်ကော လက်ကို မသိစိတ်မှ ရှောင်ခဲ့သည်။

ဝူထုန်၏နဖူးတွင် တွယ်ကပ်နေသော ဆံပင်များကို သပ်ပေးဖို့ ကြိုးပမ်းကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သော ချင်ကောက သူ့လက်ကို တောင့်တင်းစွာဖြင့် ပြန်ရုတ်လိုက်သည်။  သူ လှည့်ပြီး ကုတင်ပေါ်ကနေ ဆင်းလိုက်သည်။  သူရေချိုးဝတ်စုံကို ကောက်ကိုင်လိုက်ပြီး အိပ်ခန်းတံခါးဆီ လျှောက်သွားခဲ့သည်။  သူက တံခါးကို တွန်းဖွင့်ပြီး လသာဆောင်ဘက်ကို ဦးတည်သွားလိုက်သည်။

ကောင်းကင်ကြီးက တဖြည်းဖြည်း တောက်ပလာပြီး ပင်လယ်နှင့် ကောင်းကင်တို့ ဆုံသည့် မိုးကုပ်စက်ဝိုင်းတွင် လှပသော နံနက်ခင်း အလင်းရောင် ထွက်ပေါ်လာသည်။ တချိန်ချိန်၌ နေရောင်က တိမ်တိုက်များမှတဆင့် ထွန်းလင်းလာကာ ကမ္ဘာကြီးဆီသို့ အသက်ဝင်စေမည့်ပုံပေါက်နေသည်။

ချင်ကော မိမိကိုယ်ကို ရှုတ်ချသည့်ပုံစံဖြင့် ရယ်မောလိုက်ပြီး သူ့နောက်မှ နံရံကို ရုတ်တရက် ထိုးလိုက်ရာ သူ့လက်ဆစ်တွင် ဒဏ်ရာငါးချက် ကျန်ရစ်ခဲ့သည်။

"ချင်ကော၊ မင်းက လူမဟုတ်ဘူး။  မင်းက တိရိစ္ဆာန်ပဲ!"

ချင်ကော မနေ့ညကအကြောင်း ပြန်တွေးနေခဲ့သည်။ သူတို့ချစ်ကြည်နူးကတည်းက ဝူထုန် ၏မျက်နှာမှာ အရောင်ဖျော့သွားပြီး သူမ၏ခန္ဓာကိုယ်က နာကျင်မှုမှ ရှုံ့မဲ့နေခဲ့သည်။  ဒါပေမယ့် သူဘာလုပ်ခဲ့သလဲ။ သူမ ဘယ်လောက် နာကျင်နေတယ်ဆိုတာ သူကောင်းကောင်းသိပေမယ့် သူ့ကိုယ်သူ မတားခဲ့သေးဘူး။  တကယ်တော့ သူ မရပ်တန့်ချင်ခဲ့တာ။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz