အပိုင်း ၆၁

1.5K 160 5
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၆၁

Filter bar ၌

သူ ပျောက်ကွယ်နေတာ နှစ်နှစ်နီးပါးရှိနေပေမယ့် လျိုယွမ်က မီးမှိန်မှိန်မှိန်အောက်က ရှန်းရှီမင်ကို အကြည့် တစ်ချက်တည်းနဲ့ တွေ့ရှိခဲ့သေးသည်။ ဘာဖြစ်လို့လဲဆိုတော့ သူသွားတဲ့နေရာတိုင်းမှာ လူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်တဲ့ စွမ်းရည်က သူ့မှာရှိနေလို့ပင်။ သူ့ကိုရှာချင်တယ်ဆိုရင် မိန်းမတွေရဲ့အစွဲအလမ်းကြီးတဲ့ အကြည့်နောက်ကိုသာ လိုက်ကြည့်လို့ရသည်။

ရှန်းရှီမင်က လက်ရန်းအနီးရှိ ဒုတိယထပ်တွင်ထိုင်ကာ ဝိုင်နီတစ်ခွက် ကိုင်ထားပြီး နက်ကတိုင်ကို အနည်းငယ်ဖြည်ထားကာ သူ့မျက်လုံးတွေက ဆွဲဆောင်မှုအပြည့်ရှိနေသည်။

" ရှန်းရှီမင် မမျှော်လင့်စွာဘဲ မင်းကို တစ်ရက်လောက် စောင့်ခိုင်းထားရမှာ "  လျိုယွမ်က ရယ်မောပြီး စားပွဲဘေးမှာ ရပ်ကာ သူ့ကို ပွေ့ဖက်ပေးဖို့ သူ့လက်နှစ်ဖက်ကို ဖွင့်ဟလိုက်သည်။  "ပြန်လည် ကြိုဆိုပါတယ်"

ရှန်းရှီမင်က သူ့ကို အေးစက်စက်ကြည့်ကာ ခွက်ချပြီး ပြောလိုက်သည်။  "ထိုင်"

" ဘာမှမထူးခြားဘူးလား။ ငါ မင်းကို ကြိုဆိုပွေ့ဖက်ပေးချင်လို့ဟာကို "  လျိုယွမ်က အနည်းငယ် စိတ်ပျက်လက်ပျက်နဲ့ ထိုင်လိုက်သည်။

ရှန်းရှီမင်က ဝိုင်ဖန်ခွက်ကို ဖြည့်ပေးရင်း နှစ်ယောက်သားခွက်ပြိုင်တူမြှောက်ကာ ဖန်ခွက်ချင်းတိုက်ခဲ့ကြသည်။

လျိုယွမ် - "မင်း အင်ပါယာမြို့တော်ရဲ့ အိမ်ခြံမြေအသိုင်းအဝိုင်းမှာ ပါဝင်ဖို့ စီစဉ်နေတယ်လို့ ငါကြားတယ်" 

ရှန်းရှီမင် -"ဒီကိစ္စကြောင့် မင်းကို ငါရှာနေတာမဟုတ်ဘူး မင်း သိတယ်မလား" 

လျိုယွမ် ခေတ္တရပ်တန့်ပြီး သူ့လက်ထဲက ဝိုင်ဖန်ခွက်ကို ချလိုက်ကာ "မင်း ဝူထုန် အတွက် အဲ့တာကိုလုပ်ပေးနေတာ ငါသိပါတယ်။ ဒါပေမယ့် ဝူထုန် အိမ်ထောင်ပြုသွားပြီလို့ မင်းကို ငါပြောထားပြီးသား။ နူးညံ့သိမ်မွေ့တဲ့ မိန်းမတစ်ယောက်ဖြစ်တာ ကောင်းပေမဲ့ တခြားလူတွေရဲ့ ဇနီးမယားတွေကိုတော့ အဲ့လို မလုပ်ဘူး။ ဒါပေမယ့် မင်းအနားမှာ မိန်းမ မရှိဘူး"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now