အပိုင်း ၄၃

1.6K 156 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၄၃

ဒါကိုတွေးပြီး လျိုယွမ်က သူ့လက်ကိုင်ဖုန်း ထုတ်ကာ သမုဒ္ဒရာတစ်ဖက်ခြမ်းက လူတစ်ယောက်ဆီ မက်ဆေ့ချ်ပို့လိုက်သည်။

(အစ်ကို၊ အခြေအနေမကောင်းဘူး၊ ဝူထုန်မှာ ချစ်သူရှိနေပုံရတယ်)

မကြာခင်မှာပဲ reply တစ်ခုရောက်လာခဲ့သည်။

(သူမရဲ့ပတ်ဝန်းကျင်မှာ နီးစပ်တဲ့ယောကျ်ား လူမရှိဘူးလို့ မင်းပြောခဲ့တာမဟုတ်ဘူးလား)

(ကျွန်တော် မမြင်ခဲ့ရပေမယ့် အခုလေးတင်ပဲ အဲဒီမိန်းကလေး လီမင်က ဝူထုန်နဲ့ ဗီဒီယိုပြောနေတုန်း ယောက်ျားတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရပြီး ခရီးသွားရင်း ချစ်မိသွားကြတယ်လို့ သံသယရှိတယ်လို့ပြောတယ်)

(မဟုတ်ဘူး၊ ဝူထုန်က ​​လူတစ်ယောက်ကို လွယ်လွယ်နဲ့ ချစ်မိမယ့်သူ မဟုတ်ဘူး)

(စိတ်မပူပါနဲ့၊ ဒီတစ်ခါ အဲ့တာက အတုဖြစ်ရင်တောင် အစ်ကိုပြန်မလာနဲ့တော့။ ဝူထုန် တစ်ယောက်ယောက်နဲ့ အနှေးနဲ့ အမြန် ထွက်ပြေးသွားလိမ့်မယ်)

(မကြာခင်ပေါ့ )

"မင်း စိတ်ကြီးမဝင်သင့်ဘူး"  လျိုယွမ်က အော်ဟစ်ပြီး သူ့ဖုန်းကို လွှင့်ပစ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ မက်ဆေ့ခ်ျ ပို့ပေးခဲ့သည်။  တုံ့ပြန်သည်ဖြစ်စေ မတုံ့ပြန်သည်ဖြစ်စေ သူ့အပေါ်တွင် မူတည်သည်။

လေယာဉ်က မြို့တော် N လေဆိပ်ဆီ ရောက်တဲ့အခါ ဟိုတယ်မှ လာကြိုသည့်ကားက လေဆိပ်ဂိတ်ပေါက်တွင် ရပ်ထားပြီဖြစ်သည်။ သူတို့နှစ်ယောက် ကားထဲ ဝင်ပြီးနောက် ဝူထုန်က ပင်ပန်းနေတဲ့ ချင်ကောကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "ရှင်စောစောတုန်းက လေယာဉ်ပေါ်မှာ မအိပ်ခဲ့ဘူး"

"မကြာခင် မှောင်တော့မယ်၊ အရမ်းအိပ်နေရင် ညဘက် အိပ်မပျော်မှာကို ကြောက်လို့၊ ပြီးတော့ ကိုယ်က အိပ်ယာပေါ် လဲလိုက်တာနဲ့ အိပ်ပျော်သွားတဲ့ လူထဲ မပါဘူး"  လို့ချင်ကော နောက်ပြောင်လိုက်သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now