အပိုင်း ၃၇

1.8K 204 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၃၇

“တစ်ရက်ကြာသွားပြီးတော့ သူ ခြေထောက်တွေ ထော့နဲ့ထော့နဲ့ နဲ့ ပြန်ရောက်လာခဲ့တယ်။ သူဂူထဲကို ပြုတ်ကျပြီး စပါးအုံးမြွေကြီး ဂူထဲကို လှိမ့်ဝင်သွားခဲ့တာလို့ပြောပြခဲ့တယ် ” ချင်ကော တစ်ခုခုကို တွေးနေပုံရပြီး ပြုံးလျက် စကားပြောခဲ့သည်။  "အဲ့နောက် မြွေကြီးနဲ့ရင်းနှီးမှု သွားခဲ့တာလို့ သူပြောခဲ့တယ်။ သူ နာရီပေါင်းများစွာ မေ့မြောနေခဲ့တာ။ ဒါပေမယ့် စပါးအုံးမြွေကြီးက သူ့ကို မမျိုခဲ့ဘူး။  ဘာလို့လဲဆိုတော့ မြွေက ဗိုက်ပြည့်နေပြီး မလှုပ်ချင်နေလို့လေ "

“နောက်တော့ ညီအကိုတွေ အတူတူထိုင်ပြီး စကားစမြည်ပြောကြရင်း ရုတ်တရက် အိမ်ထောင်ရေးအကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်" ချင်ကော စကားတွေက အနည်းငယ် ဝမ်းနည်းစရာကောင်းလှသည်။  "ကိုယ်တို့အိမ်ထောင်ကျပြီးရင် ကိုယ်တို့မိန်းမတွေနဲ့ ဘာလုပ်ကြမယ်ဆိုတာကို အချင်းချင်းမေးခဲ့ကြတယ်"

"ထိပ်ပြောင်က သူ့မိန်းမကို မြွေကြည့်ဖို့ ခေါ်သွားမယ်လို့ ပြောခဲ့တယ်။ သူ့မိန်းမ ကြောက်သွားရင် သူ့မိန်းမကိုဖက်ပြီး ဇာတ်လမ်းအကြောင်း ပြောပြမယ်တဲ့"  "ဒါပေမယ့် သူ အခွင့်အရေးမရခဲ့ဘူး" ချင်ကော မကျေမနပ်နဲ့ပြောလိုက်သည်။

ဝူထုန် လှုပ်ရှားလိုက်ပြီး နောက်ဆုံးတွင် သူမ လက်နှစ်ဖက်ကြားမှ ခေါင်းကို မော့လိုက်ကာ ချင်ကော မျက်နှာကို ကြည့်ဖို့ ခေါင်းလှည့်လိုက်သည်။

"အဲဒီနေ့က သူက ကိုယ့်ရင်ခွင်ထဲ ပြုတ်ကျလာခဲ့တယ်၊ သူ့ရဲ့နောက်ဆုံးစကားက သူ့မိန်းမကိုခေါ်ပြီး မြွေသွားကြည့်ဖို့အတွက် သူ့မှာအချိန်မရှိတော့ဘူးတဲ့။ ဒီလောက်ကောင်းတဲ့ အကြံအစည်ကို သူအလဟသဖြစ်စေမိပြီတဲ့" ချင်ကောက ပြုံးပြီး ဆက်ပြောခဲ့သည်။ "အဲ့တော့ ကိုယ်သူ့ကိုပြောလိုက်တယ်.......  အနာဂတ်မှာ ငါ့ရဲ့မိန်းမကို ငါခေါ်သွားလိုက်မယ်လို့ ......."

ဝူထုန် ခဏလောက် အေးခဲသွားခဲ့သည်။  ဒါက ချင်ကော သူမကို မြွေကြည့်ဖို့ ခေါ်လာရတဲ့ အကြောင်းရင်းဖြစ်နေသည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now