အပိုင်း ၅၇

1.1K 98 3
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၅၇

မနက်စာစားပြီး ချင်ကောက ဉာဏ်စမ်းရုပ်ဆက်ကစားဖို့ ဖေးဖေးကို အိမ်ထဲပြန်ခေါ်သွားခဲ့သည်။ ဝူထုန်ကို သူနဲ့ဝင်ကစားဖို့ မတောင်းဆိုတာက ရှားသည်။ ဝူထုန်က ဉာဏ်စမ်းရုပ်ဆက်ကစားနေစဉ် ပါဝင်ဖို့ အစပြုခြင်းမရှိခဲ့ပေ။ တံခါးဆီ တစ်ချက်ကြည့်လိုက်ရုံနဲ့ သားအဖနှစ်ယောက်ကို တွေ့လိုက်ရသည်။ သေချာပါတယ် သူတို့ အရမ်းစိတ်အားထက်သန်နေတာ။ ဒါကြောင့် မနေ့က သူမ ယောက်ျား နှောင့်ယှက်ခံလိုက်ရတဲ့အလုပ်ကို ပြီးအောင်လုပ်ဖို့ ရည်ရွယ်ပြီး အလုပ်ရုံဆီ ပြန်သွားခဲ့သည်။

အလုပ်ရုံထဲက အပ်ချုပ်စက်သံက နောက်တစ်ကြိမ် အသံမကြားရမချင်းပဲ။ ချင်ကော အသံကြားတဲ့အခါတွင် သူ့လက်ထဲက ဉာဏ်စမ်းရုပ်ဆက်ကို လွှတ်ချလိုက်ပြီး ဟိုးအရင်က သူပြင်ဆင်ထားခဲ့သော IPAD ကို ကောက်ယူပြီး ဝဘ်စာမျက်နှာကို စတင်ရှာဖွေခဲ့သည်။

ဖေးဖေး သူ့အဖေကို သံသယနဲ့ ကြည့်လိုက်သည်။

"သားဘာသာ ကစားနေ"  ချင်ကောက ဖေးဖေး ခေါင်းကို ပုတ်လိုက်သည်။

ဖေးဖေးက နာခံစွာ ခေါင်းငုံ့ပြီး ဉာဏ်စမ်းရုပ်ဆက်တွေကို ဆက်ကစားရင်း အဖေ ငါ့ကို မကူညီရင် ငါမြန်မြန်လုပ်မယ်လို့ စိတ်ထဲကနေ တွေးလိုက်သည်။

ယခုခေတ် လူငယ်တွေနဲ့ မတူဘဲ ချင်ကောက အင်တာနက်ကို တော်ရုံသာ ကြည့်တတ်သည်။ ရံဖန်ရံခါ သတင်းကြည့်တာအပြင် ဖေးဖေး အတွက် ကာတွန်းကားတွေရှာဖို့ IPAD  ဝယ်ခဲ့တာဖြစ်သည်။

အရမ်းမကျွမ်းကျင်တဲ့ သခင်လေးချင်က ဖိုရမ်မှာ ဘယ်လိုပိုစ့်တင်ရမလဲဆိုတာကို အဖြေရှာဖို့ အများကြီး ကြိုးစားခဲ့သည်။  သူ "နေမကောင်းတဲ့ ယောကျ်ား " နာမည်နဲ့ အကောင့်တစ်ခုကို မှတ်ပုံတင်ပြီး သူ့ဘဝရဲ့ ပထမဆုံး ပို့စ်တင်ခဲ့သည်။

ပိုစ့်ပိုင်ရှင် - မနေ့က ငါတို့ မိသားစု သုံးယောက် အိမ်မှာ ဖဲကစားပြီးတော့ မိသားစု သုံးယောက် ထပ်ပြီး ဈေးဝယ်ထွက်ခဲ့ကြတယ်။ ငါတို့ အရမ်းပျော်စရာကောင်းတဲ့ အချိန်တွေရှိခဲ့တယ်။ ဒါပေမယ့် ညသန်းခေါင်မှာ ငါ့မိန်းမ ရုတ်တရက်ကြီး စိတ်ဆိုးပြီးတော့ သူမကို ကြိုက်တာလား။ ငါ့မိန်းမ ဖြသ်တာကို ကြိုက်တာလားလို့ ငါ့ကို မေးခဲ့တယ်။  ငါ့မိန်းမက သူမပဲ မဟုတ်ဘူးလား။ ဘာကွာလို့လဲ။ ငါ့မိန်းမ ရုတ်တရက်ကြီး ဘာလို့ စိတ်ဆိုးသွားတာလဲ မေးချင်တယ်။ ပြီးတော့ ဒီအခြေအနေမှာ ငါ ဘာလုပ်ရမလဲ"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now