အပိုင်း ၂၇

1.8K 206 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၂၇

တနင်္ဂနွေနေ့၌ ခမည်းခမက်အဖြစ် ချင်နှင့်ဝူ မိသားစု၏ ပထမဆုံးတွေ့ဆုံမှုဖြစ်တာကြောင့် ညစာသည် အခြေခံအားဖြင့် ဝူထုန်နဲ့ ချင်ကော အတွက် မင်္ဂလာဧည့်ခံပွဲဖြစ်သည်။  ညစာက ညနေ ၆ နာရီတွင် တိဝမ်မျှော်စင် အပေါ်ဆုံးထပ်တွင် ဖြစ်သည်။  ချင် မိသားစုက အထပ်တစ်ခုလုံးကို ကြိုတင်စာရင်းပေးထားသည်။

[1] ဝတ္ထုတွင်ဖော်ပြထားသော မိုးမျှော်တိုက်ကို ရှာဖွေကြည့်တဲ့အခါ ကွမ်တုံ (တရုတ်နိုင်ငံရှိ ငွေကြေးမြို့တော်)၊ ရှန်းကျန်းတွင်ရှိသော တိဝမ်မျှော်စင် ပေါ်လာတယ်။

ချင်ကောက အချိန်ကို စစ်ဆေးပြီးနောက် ဖေးဖေးနဲ့အတူ သူ့ဂျစ်ကားကို ဝူထုန့်အိမ်ဆီ မောင်းနှင်ခဲ့သည်။

ဝူထုန်သည် ပန်းနုရောင် တရုတ်ဝတ်စုံအတိုကို ၀တ်ဆင်ထားပြီး သူမရဲ့ ရှည်လျားတဲ့ ခြေတံတွေကို ပိုသွယ်လျစေသည့် ပန်းနုရောင် ဒေါက်မြင့်ဖိနပ်နဲ့ တွဲဝတ်ထားသည်။  သူမဟာ ကြာကန်ထဲတွင် ကြာပန်းလေးလို အရပ်ရှည်ရှည်နှင့် ချောမောစွာ ရပ်နေခဲ့သည်။

ချင်ကောရဲ့ ဂျစ်ကားလာသံကို ကြားတဲ့အခါ ဝူထုန်က လေတိုက်လို့ ပုံပျက်သွားတဲ့ သူမရဲ့ရှည်လျားတဲ့ဆံပင်ကို လက်ဖြသင့်သပ်လိုက်သည်။  ဂျစ်ကားရဲ့လေကာမှန်ကတဆင့် ချင်ကောရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါတွင် ညင်သာစွာ ပြုံးပြလိုက်သည်။

ချင်ကော ဘရိတ်ကို နည်းနည်း အားပြင်းပြင်းနဲ့ နင်းမိလိုက်တယ်လို့ ထင်လိုက်မိသည်။ သူမကိုဗလာကျင်းစွာ ကြည့်ပြီးနောက် ဖေးဖေးကို ချက်ချင်းပြန်ကြည့်လိုက်သည်။  ဖေးဖေးက သူ့ ဉာဏ်စမ်းရုပ်ဆက်များကို ငုံ့ကြည့်နေဆဲဖြစ်သည်ကို မြင်ပြီးမှသာ သူ အရှေ့ပြန်လှည့်ကာ စိတ်သက်သာရာရသွားခဲ့သည်။

ထိုအချိန်တွင် ဝူထုန်က ရှေ့ခန်းကားတံခါးကိုဖွင့်ပြီး အထဲ ဝင်လာခဲ့သည်။ သူမ ချင်ကောကိုကြည့်ပြီး ပြုံးကာ “သွားကြမယ် ” ဟုပြောလိုက်သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now