အပိုင်း ၃၁

2.3K 219 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၃၁


"ဘယ်နှစ်နာရီရှိပြီလဲ" ဝူထုန်က အိပ်ချင်မူးတူး မေးလိုက်သည်။

“၇ နာရီ”

"ည၇နာရီလား။ အဲ့လောက်တောင်ရှိသွားပြီလား"  ဝူထုန် အမြန်ထထိုင်လိုက်သည်။  "ရှင် ကျွန်မကို ဘာလို့မနှိုးတာလဲ"

"မင်း ဘာလို့ စိုးရိမ်နေတာလဲ။  ဒါက မင်းအိမ်မို့ မိုးလင်းတဲ့အထိ အိပ်ရင်တောင် ကိစ္စမရှိပါဘူး” လို့ ချင်ကော ပြောလိုက်သည်။

ဝူထုန်က ချင်ကော ကို လျစ်လျူရှုပြီး ဖေးဖေး အကြောင်း မေးလိုက်သည်။  "ဖေးဖေး ကော။  သူအခန်းထဲဝင်လာသေးလား"

"သူ သူ့အခန်းထဲမှာ  တစ်ချိန်လုံး ဉာဏ်စမ်းရုပ်ဆက်နဲ့ကစားနေတယ် "

"ကစားနေသေးတုန်းလား။ ဗိုက်ဆာတယ်ဆိုပြီး တစ်ခုခုမပြောခဲ့ဘူးလား"  လို့ ဝူထုန် မေးလိုက်သည်။

ဒါကိုကြားတော့ သူ့မျက်ခုံးတွေ တွန့်သွားသည်။  ဖေးဖေးကို ထမင်းကျွေးဖို့ မေ့သွားတယ်ထင်တယ်။

"ထတော့။ ညစာသွားစားရအောင်။ ဖေးဖေးက စကားပြောရတာ မကြိုက်ပေမယ့် ကလေးတွေက ဗိုက်ဆာလွယ်တယ်။ သူ့ကိုအစားစားဖို့ သေချာသတိပေးရမယ်”  ဝူထုန် ထပြီး ဘေးက အခန်းဆီ ဦးတည်လိုက်သည်။

ဖေးဖေးသည် ဉာဏ်စမ်းရုပ်ဆက်တစ်ခုကို ပေါင်းထည့်ခြင်းဖြင့် ၈၀% ခန့် ပြီးမြောက်ခဲ့သည်။ ဝူထုန်က ဖေးဖေး နံဘေးတွင် ဆောင့်ကြောင့်ထိုင်လျက်  "ဖေးဖေး၊ ညစာ သွားစားရအောင်လေ " လို့ပြောလိုက်သည်။

သူတကယ် ဗိုက်ဆာနေတာပဲဖြစ်မယ်။ ဖေးဖေး သူ့လက်ထဲက ဉာဏ်စမ်းရုပ်ဆက်ကို ချလိုက်ပြီး နာခံစွာဖြင့် ထလိုက်သည်။

ဝူထုန်က ဖေးဖေး နဖူးကို စာနာစိတ်ဖြင့် နှိပ်နယ်ပေးလိုက်ပြီးနောက် တံခါးဝတွင်ရပ်နေသော ချင်ကော ကို စူးစူးဝါးဝါး လှည့်ကြည့်လိုက်သည်။  အပြစ်တင်သောလေသံဖြင့် သူမက “ကြည့်၊  ဖေးဖေး ဗိုက်ဆာနေပြီ" လို့ပြောလိုက်သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now