အပိုင်း ၃၈

1.9K 212 2
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၃၈

ချင်ကောက ရုတ်တရက် ထရယ်နေသော သူ့မိန်းမကို စိုက်ကြည့်နေမိသည်။

"ရှင့်ရဲ့ EQ က အရမ်းနိမ့်တာပဲ " လို့ ဝူထုန် ပြောလိုက်သည်။

"ကိုယ့်အမေလည်း ဒီလိုတစ်ပုံစံတည်းပြောတယ်" ဟု ချင်ကော အမှုမဲ့အမှတ်မဲ့ ဝန်ခံခဲ့သည်။

"ကျွန်မတို့ မကြိုက်တဲ့ဟာကို ပြောထားပြီးပြီဆိုတော့ အနာဂတ်မှာ ကျွန်မတို့ထဲက ဘယ်သူကမှ သိမ်ငယ်မနေသင့်ဘူး"  လို့ဝူထုန် ပြောလိုက်သည်။

"ကောင်းပြီ"  ချင်ကော နှစ်စက္ကန့်လောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဒါဆို ကျွန်​​မ အခု​တောင်းဆိုလို့ရမလား" 

"ရတယ်ပြော "

"ဒီနေ့လိုအခြေအနေမျိုး ထပ်ပြီးမဖြစ်စေနဲ့"  ဝူထုန် အလေးအနက်ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ကျွန်မရှင့်ကို ထပ်ပြီး ခွင့်လွှတ်နိုင်မလားဆိုတာ မသိလို့ပဲ"

"ဟုတ်ပါပြီ "ချင်ကော ခေါင်းတညိတ်ညိတ်နဲ့ ခဏလောက်စဉ်းစားပြီး "နောင်မှာ မင်းမလုပ်ချင်တဲ့အရာကို ကိုယ်လုပ်မှာမဟုတ်တော့ဘူး" လို့ အာမခံလိုက်သည်။

"ကျွန်မ ရှင့်ကိုယုံတယ်"  ဤတစ်ကြိမ်တွင် ဝူထုန်က ရိုးသားစွာ ပြုံးလိုက်သည်။

'ကျွန်မ ရှင့်အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ ဆန္ဒရှိတယ်။ ပြီးတော့ ကျွန်မ မပင်ပန်းသွားခင် ကျွန်မအတွက် ရှင် ပြောင်းလဲပေး။'

ညဘက်တွင် ချင်ကောက ဝူထုန်ကို ပွေ့ဖက်ထားပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော်လည်း ဝူထုန်က သူ့ကို ကုတင်အောက်ဘက် ကန်ပစ်ခဲ့သည်။

"မိန်းမ၊ မင်း မနူးညံ့တော့ဘူး" ချင်ကော မျက်နှာမှာ ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသည်။

"ဒီနေ့ ရှင် ကျွန်မကိုဒီလိုမျိုး ကြောက်အောင်လုပ်ခဲ့တာလေ။ ကျွန်မကို နူးညံ့သိမ်မွေ့စေချင်သေးတာလား"  စောစောက သူတို့ ဆွေးနွေးမှုကြောင့် ဖြစ်နိုင်သလို ဝူထုန်ရဲ့ ဒေါသလည်း ထွက်လာခဲ့သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now