အပိုင်း ၁၄

2.2K 259 11
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၁၄

"အကြီးဆုံး သခင်လေးချင်၊ ကျွန်မရဲ့ ဒုတိယဦးလေး က ချင် မိသားစုနဲ့ စာချုပ်ချုပ်ထားပြီးပြီဆိုတော့ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကိစ္စက ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်လာတော့မှာ။  ရှင်ဘာလို့ဒီလိုလုပ်တာလဲ ကျွန်မ နားမလည်ဘူး"  ဝူထုန် ချီတုံချတုံနဲ့ မေးလိုက်သည်။ "ရှင် ဘာလို့ ကျွန်မကို ကြောက်အောင်လုပ်ဖို့ ကြိုးစားနေတာလဲ။ စေ့စပ်ပွဲကို ဖျက်ဖို့ ကြိုးစားနေတာလား"

"ဘယ်ဟုတ်ပါ့မလဲ"  ချင်ကောက ခေါင်းခါပြီး ရှင်းပြခဲ့သည်။ “တကယ်တော့ အဲ့ဒါနဲ့ ဆန့်ကျင်ဘက်ပဲ။  ငါတို့လက်ထပ်တော့မယ်ဆိုတော့ ဒါတွေအားလုံးကို မင်းကိုပြောပြချင်တာ။ ဒေါက်တာလီဆီသွားဖို့ ပြောတုန်းက စေ့စပ်ပွဲကို ဖျက်ဖို့ မင်းကို အခွင့်အရေးပေးထားပြီးသား။  ငါ့ရဲ့စိတ်ရောဂါအကြောင်း မင်း အကုန်သိနေပေမယ့် မင်းငါ့ကို လက်ထပ်ဖို့ ဆန္ဒရှိနေတုန်းဆိုတော့ မင်း ငါ့ရဲ့ အစိတ်အပိုင်းတိုင်းကို လက်ခံရမယ်"

ဝူထုန်က "သဘောပေါက်ပြီ ” လို့ မတုံ့ပြန်ခင် သူတို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။

ချင်ကောက ဝူထုန်ရဲ့ တုံ့ပြန်မှုကို ကျေနပ်ပုံရသည်။  ခွက်နှုတ်ခမ်းသားကို သူ့လက်ချောင်းများဖြင့် ခြေရာခံလိုက်စဉ်တွင် သူက သိသိသာသာပင် စိတ်အေးလက်အေး အပြုံးမပျက် ပြုံးနေခဲ့သည်။

"ဒါဆို....... ကျွန်မ ရှင့်ကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား"  ဝူထုန်က ရုတ်တရက် မေးလိုက်သည်။

“မေး”

"မင်း ဒေါသထွက်တဲ့အခါကျရင်.......လူတွေကို ရိုက်လား"  ဝူထုန် သေသေချာချာလေး စုံစမ်းလိုက်သည်။

"အိမ်တွင်းအကြမ်းဖက်မှာကို မင်း စိုးရိမ်နေတာလား"  ချင်ကော နောက်ပြောင်သည့်ပုံစံဖြင့် ရယ်လိုက်သည်။  "ငါ စိတ်တိုလာတဲ့အခါ လူတွေက ရိုက်တယ်လို့ ပြောရင်...... စေ့စပ်ပွဲကိုဖျက်တော့မှာလား"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now