အပိုင်း ၄၁

1.7K 185 3
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၄၁

ဝူထုန် တံခါးကိုပိတ်လိုက်တာနဲ့ တစ်ချိန်ထဲမှာပဲ အိပ်နေတဲ့ ချင်ကောက ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။  ဝူထုန် ချဉ်းကပ်လာတဲ့အခါ သူမအိပ်သေးပေမယ့်လည်း မျက်လုံးမဖွင့်ချင်ခဲ့ပေ။ ချင်ကော သူ့ကိုယ်ပေါ်က စောင်ကို ကြည့်လိုက်မိသည်။  ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများတွင် နွေးထွေးမှု အနည်းငယ်ရှိနေပြီး  ပြုံးလျက် မျက်လုံးပြန်မှိတ်လိုက်သည်။

တစ်ညတာ ကောင်းကောင်းမွန်မွန် အိပ်စက်ပြီးနောက် ချင်ကောက ဝူထုန်ကို  အားသွန်ခွန်စိုက် နှိုးကာ  ပင်လယ်မှာ ရေကူးဖို့ အစီအစဉ်ကို စပြီးလုပ်ဆောင်ခဲ့သည်။  ချင်ကောက မနေ့က လှေငှားပြီး သူ့မိန်းမရေကူးနည်းကို တစ်ပတ်ကြာ သင်ပေးသည်။ ဒီနေ့တွင် သူ့ ဒုတိယအစီအစဥ်ကို အကောင်အထည်ဖော်နိုင်ပြီဖြစ်သည်။

"ရောက်တော့မှာလား"  ချင်ကောက တစ်နာရီနီးပါးမျှ ပင်လယ်ထဲတွင် ရွက်လွှင့်နေခဲ့ပြီး မရပ်မနားဖြင့် ကျွန်းငယ် နှစ်ကျွန်းကို ဖြတ်သွားခဲ့တာကို ဝူထုန် တွေ့လိုက်ရသည်။

"ရောက်ခါနီးပြီ" ချင်ကော အဝေးကို ညွှန်ပြလိုက်သည်။ "အရှေ့က ပင်လယ်ပဲ"

"အဲဒါဘာလဲ"  ဝူထုန် စိတ်ဝင်တစား မေးလိုက်သည်။

"ဒီပင်လယ်ပြင်မှာ အလှဆုံးသန္တာကျောက်တန်းတွေရှိတယ်"  လို့ချင်ကော ပြောလိုက်သည်။

"သန္တာကျောက်တန်းကို ပြချင်တာလား" ဝူထုန်က ချင်ကောမှာ ဒီလို ရိုမန့်တစ်ဆန်တဲ့ဘက်ရှိနေသေးတာကို မယုံနိုင်ပေ။

ချင်ကောက ပြုံးပြီး ဘာမှပြန်မပြောဘဲ မကြာခင်မှာ လှေက ပင်လယ်ပြင်အထက်တွင် ရပ်သွားခဲ့သည်။ ချင်ကောက သူ့ရဲ့ ရေငုပ်ဝတ်စုံကို အရင်လဲလိုက်ပြီး ဝူထုန် မလဲသေးတာကို မြင်တော့ သူက ပြောခဲ့သည်။  "ကိုယ်အရင်ဆင်းပြီး သွားကြည့်လိုက်မယ်"

"ဟုတ်ပြီး"  ဝူထုန် ပြန်ပြောလိုက်သည်။

ချင်ကောက ရေထဲ ငုပ်ဆင်းသွားပြီး ရောင်စုံသန္တာကျောက်တန်းများပေါ် အပြန်ပြန်အလှန်လှန် ဖြတ်သန်းကာ နောက်ဆုံးတွင် သူပြင်ဆင်ထားသောအရာကို နှင်းဆီပုံသဏ္ဍာန်သန္တာကျောက်တန်းများအောက်တွင် ချည်နှောင်ထားခဲ့သည်။ သူအပေါ် မော့ကြည့်လိုက်သည်။ သိပ်မသိသာပေမယ့် သူ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ့ခြေထောက်တွေကို ဖြည်းဖြည်းချင်း ကန်လိုက်သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now