အပိုင်း ၅၃

1.4K 134 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၅၃

"၁၁၈ "  ဝူထုန်က ချင်ကော ကျောပေါ်က ဆင်းပြီး ရေနဲ့ မျက်နှာသုတ်ပဝါတွေယူပေးဖို့ အိမ်ထဲ ပြန်ဝင်သွားခဲ့သည်။ သူမခြံထဲ ပြန်ရောက်လာတော့ သူမယောက်ျားက ထထိုင်နေပြီ။

ဝူထုန်က ရေဘူး အဖုံးဖွင့်ပေးလိုက်ပြီး သူ့ကိုပေးလိုက်သည်။ ချင်ကော ပုလင်းတစ်ဝက်အထိ သောက်လိုက်သည်။ ဝူထုန့်လက်ထဲက မျက်နှာသုတ်ပုဝါကို ယူလိုက်ပြီး ခေါင်းကိုမမော့ခင် သုတ်လိုက်ကာ "မနက်ပဲရှိသေးတယ်။ ဒါကနေမကောင်းဖြစ်နေတာကိုပြပဲ"

ဝူထုန် အံ့အားသင့်သွားသည်။ ချင်ကောက ဒီကိစ္စကို ပြောဖို့ အစပြုလာလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

"ဖေးဖေးကို ကြောင်အောင်လုပ်လိုက်မိပြီလား။"  ချင်ကော ခါးသက်စွာ ပြုံးလိုက်မိသည်။

ဝူထုန်က ခေါင်းယမ်းလိုက်ပြီး ချင်ကောရဲ့ အံ့သြတဲ့ မျက်လုံးတွေအောက်မှာ သူမက "ရှင့်မှာ ပိုကျယ်တဲ့ အသံရှိနေတာကို ဘယ်မှာနေမကောင်းဖြစ်နေလို့လဲ "

"အသံကျယ်တာပဲလား" ချင်ကော ခေါင်းခါယမ်းလိုက်ပြီး "ကိုယ် ဒါမျိုး ခဏခဏဖြစ်ဖူးတယ်။ ပထမတော့ နည်းနည်း စိတ်တိုသွားပြီး ဘာကိုမှ ကောင်းကောင်းမမြင်ရတော့ဘူး။ ပေါက်ကွဲတဲ့ အချက်ကို အမြဲရှာချင်ခဲ့တယ်။ ကိုယ် ကျောက်စိမ်းတောင်မှာနေတုန်းက အမေလည်းကိုယ့်ကို ကြောက်သွားတယ်”

"နောက်တစ်ခါ ကိုယ်ဒီလိုထပ်လုပ်မိရင် မင်း ဖေးဖေးကို ဝှက်ထားလိုက်။ အဲ့တာဆို ကိုယ် ...."

"ဒါပေမယ့် ရှင် ထိန်းနိုင်နေတယ်လေ " လို့ ဝူထုန် ပြောလိုက်သည်။

ဝူထုန့် စကားကြောင့် ထိုလူ ခေတ္တရပ်တန့်လိုက်ပြီး ပြန်သတိရသွားခဲ့သည်။ "မင်း... ကိုယ့်ကို နမ်းလိုက်တာလေ"

"အနာဂတ်မှာလည်း ကျွန်မ ရှင့် အဲ့လို ထပ်နမ်းမယ်" ဝူထုန် တိုးတိုးလေးပြောလိုက်သည်။

ချင်ကောက ဝူထုန့် စကားကြောင့် လှပတဲ့ မြင်ကွင်းကို တွေးတောနေပုံရပြီး ပါးစပ်ကကော့တက်သွားကာ ဝူထုန့် မျက်လုံးတွေကို  ကြည့်လိုက်သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now