အပိုင်း ၆

2.4K 232 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၆ - ကယ်တင်ရှင် ၂

နောက်တစ်နေ့ အန်းခိုင် ဆေးရုံ၌

ဝူထုန်က သူ့မောင်ကို ဝှီးချဲနဲ့တွန်းပေးခဲ့ပြီး အလယ်ဥယျာဉ်ကို လမ်းလျှောက်ထွက်ခဲ့သည်။

"မမ၊ ဒီနေရာက နေအရမ်းထိုးတယ်။ ဟိုမှာ သွားထိုင်ရအောင် " ရှောင်ယွမ်က အနီးနားက အရိပ်ခိုသည့်နေရာကို ညွှန်ပြလိုက်သည်။

"ကောင်းပြီ" ဝူထုန်က သူ့ကို ထိုနေရာဆီသို့ တွန်းပို့ပေးခဲ့သည်။

"မမ ရေသောက်ပါဦး" ရှောင်ယွမ်က သူ့အစ်မရဲ့ ဖြူဖျော့ဖျော့မျက်နှာကို စိုးရိမ်တကြီးဖြင့်ကြည့်ကာ ရေပုလင်းကို ကမ်းပေးခဲ့သည်။

"ကျေးဇူး" သူမ ပြုံးပြုံးလေး လက်ခံလိုက်သည်။

"မမ ကောင်းကောင်းကော အိပ်ရရဲ့လား။ မမ ကျွန်တော့်ကို တစ်ချိန်လုံး ပြုစုပေးစရာ မလိုပါဘူး။ မမလည်း အနားယူဖို့ လိုတယ်။ မမ ကိုယ်အလေးချိန် ကျသွားပြီး မမရဲ့ အသားအရေက အရင်ကလို မကောင်းတော့ဘူး" ရှောင်ယွမ် စနောက်လိုက်သည်။ "မမ ဒီလိုမျိုးသာဆိုရင်ရည်းစားရှာနိုင်တော့မှာမဟုတ်ဘူး"

"နင့်လိုကလေးက ဘာသိလို့လဲ" သူမ စိတ်ကောက်သွားသည်။

"ကျွန်တော် ကလေးမဟုတ်တော့ဘူး၊ ကျွန်တော် ပထမနှစ် တက္ကသိုလ်ကျောင်းသားဖြစ်နေပြီ..."

"ဟုတ်တယ်... ဒီရောဂါမဖြစ်ရင် အခုဆို ကောလိပ်တက်နေရပြီ " ဝူထုန် ခါးသက်စွာ ပြုံးလိုက်သည်။ တောက်ပပြီး ချောမောတဲ့မောင်လေးက ဖြူဖျော့ဖျော့နှင့် အရိုးပြိုင်းပြိုင်းဖြစ်နေတဲ့သူတစ်ယောက်အဖြစ် နေ့စဉ်နှင့်အမျှ ပြောင်းလဲလာသည့် အပြောင်းအလဲတွေကို သူမ စောင့်ကြည့်နေခဲ့ရသည်။ ဓာတုကုထုံးကြောင့် ဆံပင်တွေတောင် ကျွတ်ကုန်ပြီ။

သူ့အစ်မရဲ့ စိတ်နေစိတ်ထား အပြောင်းအလဲကို ခံစားလိုက်ရသဖြင့် ရှောင်ယွမ်က သူမကို အဆောတလျင် နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ "မမ စိတ်မပူနဲ့၊ကျွန်တော် နေပြန်ကောင်းလာမှာပါ။ ဆရာဝန်က ပြန်ကောင်းလာပါပြီလို့ပြောတယ်လေ "

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now