အပိုင်း ၃၅

1.9K 193 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၃၅

“အို့!”  တကယ် နာကျင်တာလားဆိုတာ သူမ သေချာမသိပေမယ့် ချင်ကောကတော့ နာကျင်စွာခံစားလိုက်ရသည်။  သူမှားသွားခဲ့သလိုမျိုးကြည့်လိုက်ပြီး "ဟန်နီ၊ ကျေးဇူးပြုပြီး နည်းနည်းလေး ပိုနူးညံ့ပေးပါကွာ" လို့ ပြောလိုက်သည်။

"ရှင့်ကို သေသေချာချာကို ပြုစုပေးအုံးမှာ " ဝူထုန် အော်ဟစ်ပြောဆိုလိုက်သည်။

"ကိုယ်နဲ့ ထိုက်တန်ပါတယ်"

ရှင်အဲ့တာကို ငြင်းမှာ မဟုတ်ဘူးလား။ ဝူထုန် သူ့ကို ထိတ်လန့်တကြား စိုက်ကြည့်ရင်း အနည်းငယ် ထိတ်လန့်သွားသည်။  ဒါပေမယ့် သူမမြင်လိုက်ရသည်မှာ ကြည်နူးမှုအပြည့်နှင့်ပင်။ သူ့မျက်လုံးတွေထဲ ဖုံးကွယ်နေတဲ့ အုံ့မှိုင်းနေတဲ့ မြူမှုန်တွေက နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီ။

ဝူထုန်က ချင်ကော ဒဏ်ရာတွေကို ပတ်တီးစီးပေးပြီးသွားသောအခါတွင် သူမအံ့အားသင့်စရာကောင်းစွာ ပြောလိုက်သည် - "ရှင် နောင်မှာ ဒီလိုထပ်လုပ်ခဲ့ရင် ကျွန်မ အဲ့တာကို မမြင်ရအောင်လုပ် ”

"ကိုယ် အဲ့လိုလုပ်ရင် မင်း အသည်းကွဲမှာလား"  ချင်ကော သူ့လက်တွင်ပတ်ထားသည့် ပတ်တီးထူထူများကို စိုက်ကြည့်ရင်း အရူးတစ်ယောက်လို ပြုံးလိုက်သည်။

"အဲ့တာတွေကို ထပ်မြင်ရရင် ရှင့်ဒဏ်ရာတွေကို ဆားငန်ရေနဲ့ပက်ပစ်မယ်"

“ဒါက နည်းနည်းတော့ နာနိုင်ပေမယ့် ဆားငန်ရေက ဒဏ်ရာကို ပိုးသတ်ပေးနိုင်တယ်။ ဟန်နီ၊ မင်းကိုယ့်ကို ဂရုစိုက်သေးတယ်ဆိုတာ ကိုယ်သိတယ်" ချင်ကောက အရှက်မရှိ စနောက်နေနိုင်သေးသည်။

"ပါးစပ်ပိတ်ထား"  ဝူထုန်က ရှေးဦးသူနာပြုကိရိယာ အဖုံးကို ဆောင့်ပိတ်ချလိုက်သည်။

"ဟန်နီ"  ချင်ကော လေသံက ရုတ်တရက်လေးနက်လာခဲ့သည်။

ဝူထုန် အံ့ဩသွားပြီး ခေါင်းကို လှည့်လိုက်သည်။

"ကိုယ် မင်းကိုနမ်းလို့ရမလား"  သူ့မျက်လုံးများတွင် သတိနှင့် ရောပြွမ်းနေသော မျှော်လင့်ချက် အာရုံတစ်ခု ပေါ်နေခဲ့သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now