အပိုင်း ၁၅

2K 214 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၁၅


ဝူထုန်က လမ်းဘေးရှိ ဆေးဆိုင်ငယ်လေးမှ ဆေးပလာစတာ ဝယ်ယူခဲ့သည်။ ပါးစပ်ထောင့်မှာ ဆေးပလာစတာ ကပ်ပြီးမှသာ ဆေးရုံထဲဝင်ဖို့ သတ္တိရှိခဲ့သည်။ သူမ ရှောင်ယွမ်ရဲ့လူနာခန်းထဲ ဝင်လိုက်တာနဲ့ သူကအဲ့တာကို တပြိုင်နက် သတိထားမိခဲ့သည်။

"မမ ပါးစပ်က ဘာဖြစ်တာလဲ"  ရှောင်ယွမ်က စိုးရိမ်စိတ်ဖြင့် မေးလာခဲ့သည်။

"ဘာမှမဟုတ်ပါဘူး။  ဒီမနက် မနက်စာစားတုန်းက မတော်တဆကိုက်လိုက်မိတာ” ဝူထုန်က မျက်နှာတည်တည်နဲ့ တုံ့ပြန်ခဲ့သည်။

" ဘယ်လိုဖြစ်လို့ သတိလက်လွတ်ဖြစ်ရတာလဲ"

ဝူထုန်က သင့်လျော်တဲ့ အကြောင်းပြချက်တစ်ခုကို စဉ်းစားလိုက်သည်။  " ထမင်းစား​နေ​တုန်း မနက်ဖြန်ညနင့်ရဲ့ ခွဲစိတ်​မယ့်ကိစ္စကို စဉ်းစား​နေတာကြောင့်မို့ပါ ..."

မျှော်လင့်ထားသည့်အတိုင်း ရှောင်ယွမ်ရဲ့ အာရုံကို အောင်မြင်စွာ လမ်းကြောင်းပြောင်းနိုင်ခဲ့ပြီး သူက ဝူထုန်ကို နှစ်သိမ့်ဖို့ စတင်ခဲ့သည်။  "မမ၊ စိတ်မပူနဲ့။  ကျွန်တော့်ခွဲစိတ်မှု အောင်မြင်မှုနှုန်းက အရမ်းမြင့်တယ်လို့ ဆရာဝန်က ပြောထားပြီးသား”

"နင် ပိုကောင်းလာတဲ့အခါကျရင် ကျောင်းပြန်တက်ပြီး စာလေ့လာတာတွေကို ပြန်လုပ်လို့ရတော့မှာ " ဝူထုန်က ပြုံးပြီးပြောလိုက်သည်။

“အိုး ဟုတ်သားပဲ၊ စာသင်နှစ် အသစ်စပြီးကတည်းက ဒါက သိပ်မကြာသေးဘူး။  စစ်ရေးလေ့ကျင့်မှုကို ရှောင်ဖို့ ဒီလိုဖြစ်သွားတာပဲ” ရှောင်ယွမ်က ဝမ်းသာအားရ မှတ်ချက်ချခဲ့သည်။

[1] တရုတ်နိုင်ငံတွင် ကျောင်းသားများသည် စစ်ရေးလေ့ကျင့်မှု ခံယူရမည်ဖြစ်ပြီး (ကျောင်းနှင့် ကောလိပ်အများစုတွင်) မသင်မနေရ ဘာသာရပ်တစ်ခုအနေဖြင့် အမှန်တကယ် စစ်ရေးပုံစံလေ့ကျင့်မှုနှင့် လေ့ကျင့်ခန်းကို ခံယူရမည်ဖြစ်သည်။  ;  v ;

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now