အပိုင်း ၁၂

2.1K 225 0
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၁၂

ဝူထုန်က သူမ နားထောင်နေကြောင်း ဖော်ပြဖို့ ခေါင်းညိတ်လိုက်သည်။

"ယေဘူယျအနေနဲ့  အမျိုးသားတစ်ယောက်ရဲ့ ထိန်းချုပ်လိုစိတ်က ပိုင်ဆိုင်မှုနဲ့ လိင်ဆန္ဒဆိုပြီး နည်းလမ်းနှစ်မျိုးနဲ့ ထင်ရှားတယ်"

ဝူထုန် မျက်တောင်ခတ်လိုက်သည်။ သူမ ကြောင်သွားတယ်။

"အခုချိန်ထိတော့ ချင်ကောက ရှင့်ကို အလားအလာရှိတဲ့ အိမ်ထောင်ဖက်အဖြစ်ပဲ မြင်နေတော့ သူ ရှင့်ကို လွှမ်းမိုးဖို့ တွန်းအားတစ်ခုမှ မခံစားရဘူး။ ဒါပေမယ့် ရှင် ကျွန်မရုံးခန်းကထွက်ပြီး သူ့ကိုလက်ထပ်ဖို့ ကြံရွယ်နေသေးတယ်လို့ ထပ်အတည်ပြုပြီးရင်တော့ ရှင်ကသူ့လက်ထဲမှာပဲရှိနေလိမ့်မယ်"  ဝူထုန့် မျက်နှာက အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် သူမ၏ စကားလုံးများက အနည်းငယ် ကြောက်စရာ ကောင်းကြောင်း ဒေါက်တာ လီ သဘောပေါက်လိုက်ကာ ပြုံးပြီး စကားပြောခြင်းဖြင့် အကြောင်းအရာတွေကို သက်သာစေဖို့ ကြိုးစားလိုက်သည်။

“စိတ်မပူပါနဲ့။ သူ့မှာ ချုပ်ကိုင်လိုစိတ် နှာဗူးကျတဲ့ ဆန္ဒမရှိပါဘူး၊ ဒါက သာမာန်လူထက် ပိုအားကောင်းတယ် — ကလေးငယ်လေးလိုမျိုးပဲ။ ကျွန်မ အကြံဥာဏ်လေး ပေးပါရစေ။  ရှင် သူနဲ့အတူရှိတဲ့အခါ ရှင်သူ့ကို တတ်နိုင်သမျှ အလိုလိုက်ပေးလိုက်ပါ"

"သူ့ကို အလိုလိုက်ရမယ်"

“ဟုတ်တယ်… ပြုံးပြီး ပွေ့ဖက်တာက လူတစ်ယောက်ကို ပိုသက်တောင့်သက်သာဖြစ်စေဖို့ အကောင်းဆုံးနည်းလမ်းပဲ”  ဒေါက်တာ လီက အကြံပေးခဲ့သည်။ "ရှင် သူ့ကို တတ်နိုင်သမျှ ပြုံးပြီး ပွေ့ဖက်သင့်တယ်။ အဲ့တာက မမျှော်လင့်ထားတဲ့ ရလဒ်တွေ ထွက်လာလိမ့်မယ်”

အစည်းအဝေးခန်းထဲ၌ ဝူထုန့် ဒုတိယဦးလေးသည် နောက်ဆုံးထပ်ထည့်ထားသည့်စာပိုဒ်ကို ကြည့်ခဲ့သည်။  အမှုဆောင်လက်ထောက်လင်းကို မော့မကြည့်ခင် အချိန်အတော်ကြာအောင် မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။  "အိမ်ထောင်ရေးကိစ္စလည်းဖြစ်သလို ဒါက ပူးပေါင်းဆောင်ရွက်မှုတစ်ခုလည်း ဖြစ်တယ်။ ဒါကြောင့် ဝူထုန်နဲ့ အကြီးဆုံးသခင်လေးမှာ ချစ်ခင်ရင်းနှီးပြီး သဟဇာတဖြစ်ရတဲ့ ဆက်ဆံရေးမျိုး ရှိနိုင်မယ်လို့ မျှော်လင့်မိတယ်။ ဒါပေမယ့် ဒီနောက်ထပ်အပိုဒ်က အကြီးဆုံး သခင်လေးရဲ့ အကျိုးစီးပွားကိုပဲ ကာကွယ်ပေးနေပုံရတယ် ”

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)जहाँ कहानियाँ रहती हैं। अभी खोजें