အပိုင်း ၅၅

1.1K 127 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၅၅

"ကလေးဆန်လိုက်တာ"  ဝူထုန် ချင်ကောကို မခုခံနိုင်တော့ သဘောတူခဲ့သည်။ အဆိုးဆုံးကတော့ အနာဂတ်မှာ အဲ့တာကို သူမကိုယ်တိုင် မလုပ်နိုင်ရင် အပြင်ထွက်ပြီးသွားဝယ်လိုက်မယ်။

ဆယ်မိနစ်ကြာပြီးနောက် ……

"ဟားဟား... ဘုရင်ပဲ၊ ငါ့မှာ ကတ်တစ်ကတ်ရှိသေးတယ်"  ချင်ကော ဝူထုန် ရဲ့လက်ထဲက ကတ်တွေကို တစ်ချက်ကြည့်လိုက်တော့ ဗုံးမဖြစ်နိုင်တဲ့ နောက်ထပ်သုံးကတ်ရှိနေတော့ သူစိတ်ကြီးဝင်စွာ ပြောလိုက်သည်။  "ငါ့လက်ထဲမှာ ၁ကတ် ကျန်သေးတယ်။ A 4 ၊ မင်းမှာ စွမ်းဆောင်နိုင်စွမ်းရှိရင် ငါ့ကိုတားလိုက်စမ်းပါ...."

"ဘာလို့အမြဲတမ်း ရှင့်လက်ထဲမှာ ဘုရင် ရှိနေတာလဲ "  ဝူထုန် အံကြိတ်လိုက်သည်။

  "ဟေး..."ဖေးဖေး စကားတစ်လုံးမှမပြောဘဲ ရုတ်တရက်ကြီး လှုပ်ရှားတော့မယ့်အချိန်မှာပဲ ချင်ကောက နောက်ဆုံးလက်ကျန် ကတ်တစ်ကတ်ကို လွှင့်ပစ်တော့မည်။ သူ့လက်သေးသေးလေးက ကတ်လေးကတ်ကိုဆွဲပြီး ဘုရင်ပေါ်ရိုက်ချလိုက်သည်။

နှစ်ယောက်သား အောက်ကိုငုံ့ကြည့်လိုက်တော့ အဲ့လူတော်လေးက သုံး လေးဖြစ်သည်...

ထို့နောက် တူတဲ့၄ကို ဗုံးပေါ်ထားလိုက်ပြီး  ချက်ချင်းဆိုသလိုပဲ လက်နှစ်ဖက်ကို သူတို့နှစ်ယောက်ရှေ့မှာ ဝှေ့ယမ်းပြကာ သူ့လက်ထဲမှာ ကတ်မရှိဘူးဆိုတာကို ပြခဲ့သည်။

"ဟားဟားဟား... ဖေးဖေး နိုင်သွားပြီ။ တူတဲ့၄ပဲ ..." ဝူထုန် ဝမ်းသာအားရနဲ့ ဖေးဖေးကို ပွေ့ဖက်ပြီး နမ်းလိုက်သည်။

ဖေးဖေး သူ့မျက်နှာကို သုတ်လိုက်ပြီး တစ်ဖက်မှ ဉာဏ်စမ်းရုပ်ဆက်တစ်ခုကို ယူကာ သူမဘေးမှာ ထားလိုက်သည်။ ထို့နောက် နှစ်ယောက်သားကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။

"နာလည်ပြီ၊ ဂျစ်ဆော့ပဟေဠိရုပ်ဆက်ပဲ မဟုတ်လား"  ချင်ကောက ဖေးဖေးရဲ့ အနမ်းခံလိုက်ရသော မျက်နှာကို ကြည့်ပြီး နောက်ပစ်မှတ်ကို တွေးခဲ့သည်။ အဲ့တာက သူ့မိန်းမ သူ့ကိုလည်းနမ်းဖို့ပဲ။ "နောက်တစ်ပွဲထပ်လာမယ်"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now