အပိုင်း ၇

2.2K 227 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အခန်း ၇ - ရိုးတွင်းခြင်ဆီ ပွဲစဉ်


ချင်ကော သူကိုယ်တိုင်ပြုပြင်ထားသော ဂျစ်ကား ဖြင့် ကျောက်စိမ်းဆီ ပြန်လည်မောင်းနှင်လာခဲ့သည်။  သူပြန်လာတဲ့အချိန်က တော်တော်နောက်ကျနေပြီ။

ချင်ဟွိုက်က သူ့အစ်ကိုရဲ့ ကားပါကင်ထိုးသံကိုကြားပြီး "အစ်ကို "လို့ မခေါ်ခင် လမ်းလျှောက်ဝင်လာတာကို စောင့်နေခဲ့သည်။

"ချင်ဟွိုက် မင်းဘာလို့ခုထိ မအိပ်သေးတာလဲ။  မနက်ဖြန် အလုပ်သွားစရာ မလိုဘူးလား" ချင်ကောက သူ့နာရီကို စစ်ကြည့်ပြီး လန့်သွားခဲ့သည်။  မနက် ၁ နာရီ ထိုးနေပြီ။ ပုံမှန်အားဖြင့် ကျန်းမာလွန်းသော ဇီဝနာရီရှိသည့် သူ့ညီဖြစ်သူက အခုချိန်ဆိုရင် အိပ်ပျော်နေပေလိမ့်မည်။ အခုက ပုံမှန်မဟုတ်နေဘူး။

"ကျွန်တော်က သူဌေးပါ၊ ဒါကြောင့် အလုပ်မှာကျွန်တော် ရှိ/မရှိကို ဘယ်သူမှ စစ်ဆေးဖို့ သတ္တိရှိမှာ မဟုတ်ဘူး"  ချင်ဟွိုက်က သူ့ကို ဝိုင်နီတစ်ခွက်နဲ့ ဖိတ်ခေါ်ခဲ့သည်။ "ဘာလို့ ကျွန်တော်တို့အတူတူ မသောက်ကြမှာလဲ"

ချင်ကော မျက်ခုံးပင့်လိုက်မိသည်။  သူ့ ကားသော့ကို အိတ်ကပ်ထဲ ပစ်ထည့်လိုက်ပြီး ချင်ဟွိုက်ရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။

ချင်ဟွိုက်က ချင်ကောအတွက် ဝိုင်နီတစ်ခွက် ထည့်ပေးခဲ့သည်။  ချင်ကော တစ်ငုံပြီး မျက်မှောင်ကြုတ်လိုက်သည်။  "နိုင်ငံရပ်ခြားမှာ ကျောင်းတက်တဲ့သူတိုင်းက ဘာလို့ ဝိုင်နီသောက်ရတာကို ကြိုက်ကြတာလဲ"

“ကျွန်တော်က အရသာကို ကြိုက်လို့။ တခြားသူတွေရဲ့ အကြောင်းပြချက်ကိုတော့ ကျွန်တော် မသိဘူး”  ချင်ဟွိုက်က ရှင်းပြလိုက်သည်။

"ဘာအရသာလဲ။ အရသာလုံးဝမရှိဘူး” ချင်ကောက မကျေမနပ်နဲ့ ပြောလိုက်သည်။ "ယောကျ်ားစစ်စစ်ဆိုရင် ပိုင်ကျို့(အရက်ဖြူ) သောက်ရတယ်[1]။  ငါ နောက်နေ့ ဂျုံအရက်တစ်ပုလင်း ယူလာခဲ့မယ်"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now