အပိုင်း ၄၅

1.5K 166 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၄၅

"တစ်ယောက်က မြွေတွေကြည့်ဖို့ အကြံပြုတယ်၊ တစ်ယောက်က ရေငုပ်ဖို့ အကြံပေးတယ်၊ တစ်ယောက်က လေထီးခုန်ဖို့ အကြံပေးတယ်၊ နောက်ထပ် နှစ်ယောက်ကကော " ဝူထုန် မေးလိုက်မိသည်။

ချင်ကော ကောင်းကင်ကို မော့ကြည့်ရင်း လူပေါင်းများစွာ ကောင်းကင်ကနေ ခုန်ဆင်းပြီး စကားပြောဖို့ စုလိုက်တဲ့အချိန် အဲဒီနေ့လည်ကအကြောင်း သူ့ရဲ့အမှတ်တရတွေ ပြန်ပေါ်လာပုံရသည် – “ကိုယ်တို့ရဲ့ကိုယ်ပိုင်ကမ္ဘာကြီးက လွတ်လပ်ရေးရသွားသလို ကောင်းကင်ကနေ ခုန်ချရတဲ့ အခိုက်အတန့်ကို ကိုယ်တို့အားလုံး သဘောကျကြတယ်"

" ပထမဆုံး လေထီးခုန်ခဲ့တဲ့ မိုဒီ(စိတ်ပြောင်းလွယ်သူ)က မင်းမှာ မင်းချစ်ရတဲ့သူရှိလာရင် သူ့နဲ့ အတူတူဒါကို ခံစားကြည့်ဖို့ ခေါ်သွားသင့်တယ်လို့ပြောခဲ့တယ် "

ချင်ကော ပြန်ပြောပြခဲ့သည်။ " ပင်လယ်က တကယ်လှတယ် မိန်းကလေးတွေက ပင်လယ်ကို ပိုကြိုက်ကြလိမ့်မယ် လို့ဒေးဗစ်ကပြောခဲ့တာ။ ပြီးတော့ သန္တာကျောက်တန်းတွေနဲ့ ပင်လယ်ရဲ့အငွေ့အသက်တွေက အရမ်းလှတယ်။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ ထိပ်ပြောင်ရဲ့ ဝါသနာတွေကတော့ ပိုထူးဆန်းတယ်"

သူ့ကောင်မလေးကို မြွေတွေကြည့်ဖို့ ခေါ်သွားမယ်ဆိုကတည်းက ပုံမှန်မဟုတ်မှန်း ဝူထုန် ကောင်းကောင်းသိနေပြီ။

"တစ်ခြားကော "ဝူထုန်က ချင်ကော ဆန္ဒကို မကြားခဲ့ရပေ။

"လင်းကျီ လည်းရှိတယ်၊ သူက ကိုယ်တို့ငါးယောက်မှာ အငယ်ဆုံး၊ ဒါပေမယ့် သူက အရင်ဆုံးလက်ထပ်သွားတာ သူက ဖေးဖေးရဲ့ အဖေအရင်းလည်းဟုတ်တယ်။ သူ့မှာ အိမ်ထောင်ပြုဖို့ လှည့်ကွက်တွေ အများကြီးရှိတယ်။ အဲဒါက လူနှစ်ယောက် တစ်အိမ်တည်းမှာကောင်းမွန်တဲ့ဘဝနဲ့ အတူတူနေထိုင်တာက အရမ်းကောင်းတယ်လို့ ပြောခဲ့တယ်။ သူတပ်က အနားယူပြီးရင် သူ့မိန်းမရယ် ဖေးဖေးရယ်နဲ့အတူတူ အိမ်မှာ ပန်းတွေ စိုက်ပျိုးဖို့ စီစဉ်ထားခဲ့တယ်"

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now