အပိုင်း ၄၄

1.4K 150 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၄၄

လေထီးခုန်ကိရိယာတွေ ချိတ်ပြီးနောက် စွန့်လွှတ်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး ချင်ကောက ခြေ​လက်တွေ အေးစက်နေတဲ့ ဝူထုန်ကို လေယာဉ်ပေါ် ဆွဲတင်လိုက်သည်။

"မကြောက်နဲ့ ကိုယ်ရှိတယ်"  ချင်ကောက သူမကို စိတ်ချစေခဲ့သည်။

"စိတ်လှုပ်ရှားနေတယ် "  လေယာဉ်က ဖြည်းညှင်းစွာစတင် တက်သွားတာနဲ့အတု ဝူထုန်က ချင်ကော လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး အရပ်ရှည်တဲ့ လူကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့သည်။

"ဒါဆို ကိုယ် မင်းကို စိတ်သက်သာရာရအောင် ကူညီပေးမယ်"  ချင်ကော ထူးထူးခြားခြား ပြုံးပြီး ဝူထုန်ကို ဖက်နမ်းလိုက်တာကြောင့် သူ့ပတ်ဝန်းကျင်က လူတွေ တအံ့တသြ အော်ဟစ်ကုန်ကြသည်။

ဝူထုန် ရှက်ရွံ့စွာဖြင့် ချင်ကော ရင်ခွင်ထဲ ကိုယ်ကိုကျုံ့ထားလိုက်သည်။  ထိုလူက မျက်ခုံးကို ဂုဏ်ယူစွာ ပင့်ထားသည်ကို မြင်လိုက်ရတာကြောင့် သူ့ လက်မောင်းကို ပြင်းထန်စွာ ဆွဲဆိတ်ပစ်လိုက်သည်။ ဆွဲဆိတ်ခံရတဲ့အခါ သူ နာကျင်မှုက မခံစားရပေ။  ဇနီးသည်ရဲ့ ဒုက္ခပေးတဲ့လက်ကို တိတ်တဆိတ် ဆုပ်ကိုင်ကာ သူမရဲ့ နူးညံ့တဲ့ လက်ဖဝါးကို ကုတ်ခြစ်လိုက်သည်။ ဝူထုန် စိတ်ဆိုးကာ မျက်ဖြူလှန်လိုက်ပေမယ့် သူမ အစတုန်းကလောက်တောင် ကြောက်ရွံ့ခြင်းမရှိတော့ပေ။

မကြာခင်မှာပဲ လေယာဉ်က အမြင့်ပေ မီတာ ၇၀၀၀ ဆီ ရောက်ရှိသွားကာ လေထီးခုန်ဖို့ အချိန်ရောက်ပြီလို့ နည်းပြဆရာက အချက်ပြခဲ့သည်။ လေယာဉ်ပေါ်က လေထီးခုန်သမားတွေက တစ်ယောက်ပြီးတစ်ယောက် ခုန်ချခဲ့ကြသည်။ ဝူထုန်နဲ့ ချင်ကောတို့က နောက်ဆုံးအတွဲဖြစ်သည်။

နည်းပြက ချင်ကောကို နောက်ဆုံးအကြိမ် မေးလိုက်သည်။ "မင်းရဲ့ဇနီးကိုဖြည်ချပေးဖို့ မင်းငါ့ကို မလိုအပ်ဘူးဆိုတာ သေချာလား"  ဝူထုန် လေထီးမခုန်နိုင်တာကို နည်းပြက သိသည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now