အပိုင်း ၅

2.8K 246 1
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၅ - ကယ်တင်ရှင် ၁

တစ်ပတ်အကြာ ချင်မိသားစု စီးပွားရေး အဆောက်အဦး၌

ဝူလီရမ်သည် အစည်းအဝေးခန်းထဲတွင် စိတ်လှုပ်ရှားစွာ ထိုင်နေပြီး ချင်ဟွိုက် ရောက်လာမှာကို စောင့်နေစဉ် တံခါးဝဆီ မကြာခဏ ကြည့်နေခဲ့သည်။

ကော်ဖီထပ်ဖြည့်ပေးဖို့ ဝင်လာသော အတွင်းရေးမှူး လျှို က “ကျေးဇူးပြုပြီး ခဏလေးစောင့်ပေးပါ ဥက္ကဌဝူ။ မန်နေဂျာချုပ် ဆွေးနွေးနေတာ ပြီးခါနီးပြီ။ သူ ၁၀ မိနစ်အတွင်း ရောက်လာတော့မှာပါ”လို့ စိတ်ချလက်ချနေရန် ပြောခဲ့သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့။ အလောတကြီး မဖြစ်ပါဘူး”  ဝူလီရမ်က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

အတွင်းရေးမှူးလျှို ထွက်သွားပြီး အတွင်းရေးမှူးရုံးခန်းကို ပြန်လာခဲ့သည်။  "ဝူ စားသောက်ကုန်က ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ် အဆင်သင့်ဖြစ်ပြီလား"  သူမက လက်ထောက် အန်နာကို မေးခဲ့သည်။

လက်ထောက် အန်နာက ဖိုင်ကို ဆွဲထုတ်ပြီး အတွင်းရေးမှူး လျှိုကို ပေးလိုက်သည်။  “အဆင်သင့်ဖြစ်ပြီ။ ဒါပေမယ့် အစ်မ လျှို...... ဒီဥက္ကဌ ဝူက ဘာလို့ သူ့လက်ထောက်တွေကို မခေါ်လာတာလဲ”

အများအားဖြင့် ဤကဲ့သို့သော ကြီးမားသည့် ပူးပေါင်းဆောင်ရွက်မှုက စားပွဲပေါ်၌ နှစ်ဦးနှစ်ဖက်စလုံးက အခြေအနေတွေကို ဆွေးနွေးဖို့ အဖွဲ့တစ်ဖွဲ့ကို ခေါ်ဆောင်လာကြသည်။  သူမ ချင် မိသားစု စီးပွားရေးလုပ်ငန်း မှာ အလုပ်လုပ်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ အဖွဲ့တစ်ဖွဲ့ရဲ့ CEO တစ်ယောက်တည်းပဲ လာတာကိုတွေ့ဖူးတာက အန်နာ ရဲ့ ပထမဆုံး အကြိမ်ပဲ။

"ပူးပေါင်းဆောင်ရွက်မှုကို အတည်မပြုနိုင်လို့ များလား?" အတွင်းရေးမှူး လျှိုက အဓိပ္ပါယ်ရှိသော လေသံဖြင့် ပြောလိုက်သည်။

“အိုး…....အဲဒါက ကုမ္ပဏီတစ်ဝိုက် ပျံ့နှံ့နေတဲ့ ကောလာဟလတွေက မှန်တယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။  ဒီလက်တွဲမှုက အကြီးဆုံးသခင်လေးအတွက် အဆင်ပြေတဲ့အိမ်ထောင်ရေးနဲ့ ဆက်စပ်နေတယ်လို့ ကျွန်မကြားထားတယ်” အန်နာက ဉာဏ်အလင်းရသွားသလိုပဲ။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now