အပိုင်း ၆၄

2.1K 176 5
                                    

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၆၄


သခင်လေးချင်က မြက်စကတ်ဝတ်ပြီး ကနေတဲ့ပုံနဲ့ ဝူထုန်ကို ပြန်ဖြေခဲ့သည်။ သူမရဲ့မပြီးသေးတဲ့ အလုပ်တွေကို စီစဉ်ဖို့ ဖုန်းမချခင် ဝူထုန်က ခဏလောက် မရယ်မောဘဲမနေနိုင်ခဲ့ပေ။

ဒုတိယဦးလေးရဲ့ ဖုန်းဝင်လာတဲ့အခါ ဝူထုန် ပုံဆွဲနေတုန်းတန်းလန်းဖြစ်နေပြီး ဖုန်းမကိုင်ခင် ခဏကြာထိ အသံမြည်နေခဲ့သည်။  ဒုတိယဦးလေးဖုန်းခေါ်တာဖြစ်ကြောင်း သူမ သိလိုက်တဲ့အခါ ဝူထုန် မသိစိတ်က မျက်မှောင်ကြုတ်လိုက်သည်။

သူမလက်ထဲက စုတ်တံကို ချလိုက်ပြီး ဖုန်းကိုင်လိုက်သည်။

"ဒုတိယဦးလေး"

"ထုန်ထုန် အလုပ်ရှုပ်နေလား"

"ရပါတယ်"

"ဒါဆိုရင်........တွေ့ဖို့အချိန်ရှိလား"

"တစ်ခုခုရှိလို့လား"  ဝူထုန်က သူမ ဒုတိယဦးလေးဖြစ်သူကို ကောင်းကောင်းကြီး သိထားဆဲဖြစ်ပြီး ဘာကိစ္စမှမရှိဘူးဆိုရင် သူမကိုဆက်သွယ်ဖို့ ဘယ်တော့မှ အစပြုမည်မဟုတ်ပေ။

"မင်း........အင်း MK Group ရဲ့ ဥက္ကဌကို သိလား"  ဒုတိယဦးလေးဝူ တုံ့ဆိုင်းပြီး မေးလိုက်သည်။

"MKလား"  ဝူထုန် ခဏလောက်စဉ်းစားပြီး မကြာခင်မှာပဲ သူမစိတ်ထဲမှာ နက်နဲတဲ့ မှတ်ဥာဏ်တွေ ထွက်လာပြီး ဝူထုန် မသေချာမရေရာမှုတွေနဲ့ မေးလိုက်သည်။

"သူတို့ရဲ့ ဥက္ကဌနာမည်က ဘယ်လိုခေါ်လဲ"

"ရှန်းရှီမင် "

ဝူထုန်က ထိုနာမည်ကို ကြားလိုက်တဲ့အခါ အဲ့တာကို မယုံနိုင်သေးပေ။ “ဒုတိယဦးလေး၊ ဘာလို့ ဒီလိုမေးတာလဲ” 

" တွေ့ပြီး စကားပြောရအောင်၊ မင်း ကုမ္ပဏီ အောက်ထပ်က ကော်ဖီဆိုင်မှာ  စောင့်နေမယ်"

နာရီဝက်ကြာသော်

ဝူထုန်နဲ့ ဦးလေး ဝူတို့က KISS ကုမ္ပဏီရဲ့ အောက်ထပ် ကော်ဖီဆိုင်တွင် ထိုင်နေကြသည်။  စျေးဝယ်စင်တာတွေ အများကြီးရှိတာကြောင့် ကော်ဖီဆိုင်မှာ လူသိပ်မများဘူး။

You've reached the end of published parts.

⏰ Last updated: Oct 20, 2023 ⏰

Add this story to your Library to get notified about new parts!

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now